0

Android Clone ဖုန်း (MT6577/MTK 6577 Android Devices) များကို Root လုပ်နည်း


Clone Android ဖုန်း/Tablet တွေနဲ့ တရုတ်ထုတ်ဖုန်း/Tablet တစ်ချို့ဟာ MTK Chipset များကိုအသုံးပြုထားတာကြောင့် MTK based Android Devices များကို သာမန် Root tools တွေနဲ့ root လုပ်လို့မရတတ်ပါဘူး ။ Clone ဖုန်းဆိုတာကတော့ ဥပမာပေးပြောရရင် Samsung Galaxy S3 တို့ Note 2 တို့လိုဖုန်းတွေကို တရုတ်ဖုန်းတွေကပုံစံတူ Android versionတူ လိုက်တုထုတ်ထားတဲ့ဖုန်းမျိုးတွေပါ။ Myanmar Mobile App က Mobile Users များကို Android Clone ဖုန်း (MT6577/MTK 6577 Android Devices) များကို Root လုပ်နည်းအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
MTK Android Device ဆိုတာဘာမှန်းမသိသေးရင်တော့ =>ဒီနေရာမှာ <= ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
အခုစမ်းသပ်မိသလောက် mtk based android ဖုန်းတွေအရဆိုရင် Binary 4 root tool နဲ့ ဒီ Android Clone ဖုန်း/Tablet (MTK Based Android Devices) များကို Root လုပ်နိုင်တာကိုတွေ့ရပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Binary 4 root ဟာဆိုရင် အောက်ပါ list ထဲက Android Clone ဖုန်းတွေကို root လုပ်နိုင်တာကိုတွေ့ရပါတယ်။

အပေါ်မှာမပါသေးတဲ့ Android Clone ဖုန်း/Tablet တစ်ချို့နဲ့ တရုတ်ထုတ်ဖုန်း/tablet တွေကိုလည်း အခုပြောမယ့်နည်းနဲ့ root လုပ်လို့ရနိုင်ပါတယ်။
ကဲ…. ဒါဆိုရင် root လုပ်ကြည့်ရအောင်ဗျာ။
-ပထမဆုံး ဖုန်းရဲ့ Setting> Developer Options > USB Debugging ကိုအမှန်ခြစ်ပေး /Enabled လုပ်ထားပါ။
-နောက်တစ်ဆင့်အနေနဲ့ MTK Android Phone Driver ကိုကွန်ပျူတာမှာသွင်းထားရပါမယ်။ MTK Android Phone Driver ကိုအောက်က link ကနေရယူပါ။
Download Here:


Mirror link: MT6577/MTK 6577 Android Driver Download
Download ရယူပြီးပြီဆိုရင်တော့ MTK Driver ကိုကွန်ပျူတာမှာ install လုပ်ပါ။
-ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုချိတ်ဆက်ပါ။
-ပြီးရင် Root လုပ်ဖို့လိုအပ်တဲ့ အဓိက tool ဖြစ်တဲ့ Binary 4 root tool ကိုအောက်က link မှာရယူပါ။
Binary 4 root tool အားရယူရန်
- Binary 4 root tool ကိုရယူပြီးပြီဆိုရင်တော့ ဇစ်ဖိုင်လေးကိုဖြည်ထားပြီးအတွင်းက RunMe.bat ဖိုင်လေးကို run လိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါမယ်။

-နံပါတ်(၁) Normal ကိုရွေးပေးရမှာဖြစ်တဲ့အတွက် ကီးဘုတ်ပေါ်က 1 ကိုနှိပ်ပြီး enter ခေါက်လိုက်ပါ။ ဒါဆိုရင် Binary 4 root program က ဖုန်းနဲ့ချိတ်ဆက်ပြီး rooting process ကိုစတင်လုပ်ဆောင်နေပါမယ်။

-ပြီးရင် ဖုန်းကိုကြည့်လိုက်ပါ။ Full Restore ဆိုတဲ့ကဏ္ဍထဲကိုရောက်နေပါလိမ့်မယ်။ အဲဒီကျရင် တခြားဘယ်ခလုတ်ကိုမှမနှိပ်ပါနဲ့ ။ Restore My Data ကိုပဲနှိပ်လိုက်ပါ။ အောာက်ပုံအတိုင်းပါ။




ခဏအကြာမှာ ဖုန်းက auto reboot ကျသွားပါမယ်။ ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင် ဖုန်းရဲ့ All Application ထဲကိုဝင်ကြည့်လိုက်ပါ။ SuperSU ဆိုတဲ့ application လေးရှိနေပြီဆိုရင် ဖုန်းက root process အောင်မြင်သွားပြီဖြစ်ပါတယ်။
myanmarmobile
0

iOS 5.1.1 အတွက် မြန်မာစာနှင့်မြန်မာစာကီးဘုတ် ထည့်သွင်းနည်း

iOS 5.1.1 မှာ Untethered Jailbreak ရရှိလာတဲ့အတွက်
မြန်မာစာဖာင့်ထည့်ရာမှာ အဆင်ပြေပြီး ချောမွေ့စွာအသုံးပြုနိုင်ဖို့အတွက်
iOS 5.1.1 အတွက် မြန်မာစာနှင့်မြန်မာစာကီးဘုတ် ထည့်သွင်းနည်း
ဖော်ပြပေးထားပါတယ်။
iOS 5 အတွက် မြန်မာစာ နှင့် မြန်မာစာကီးဘုတ် ထည့်သွင်းနည်း
iOS 5 အတွက် မြန်မာစာ နှင့် မြန်မာစာကီးဘုတ် ဖို့အသုံးပြုဖို့အတွက် မိမိ idevice က
iOS version 5.0 နှင့် အထက်ရှိပြီး Jailbreak လုပ်ထားဖို့လိုပါတယ်။
iOS version 5.0 နှင်အထက်ဆိုတာ iOS 5.0 , 5.1 နှင့် 5.1.1 ကိုပြောတာပါ။
မိမိ idevice က iOS version 5.0 အောက်မှာ ရှိနေတယ်ဆိုရင် အောက်မှာ
မိမိ idevice iOS version နဲ့ကြိုက်ညီတဲ့ Jailbreak လုပ်နည်း နဲ့ မြန်မာစာ နှင့်
မြန်မာစာကီးဘုတ် ထည့်နည်းအောက်မှာလေ့လာနိုင်ပါတယ်။
iPhone/Pad/Pod touch အတွက် Jailbreak ပြုလုပ်နည်း
iOS 5.0 နှင့် အောက် iPhone/Pad/Pod touch ဇော်ဂျီ Font သွင်းနည်း
အဆင့် ၁
မိမိ idevice က iOS version 5.0 နှင့် အထက်ရှိပြီး Jailbreak လုပ်ထားပြီးပါက
Cydia ထဲက Manage >>> Sources မှာ >>> Edit >>> Add ကို နှိပ်ပြီး
http://cydia.macforus.com ကိုရိုက်ထည့်ပေးပါ။
အဆင့် ၂
Cydia ထဲက Manage >>> Sources မှာ >>> http://cydia.macforus.com သွင်းပြီးဆိုလျှင်
http://cydia.macforus.com ထဲမှ Zawgyi iOS 4.3 font ကို install ပြုလုပ်ပေးပါ။
iOS 5.0 နှင့် အထက်အတွက် Zawgyi iOS 4.3 font ကို install လုပ်တာက ကပိုပြီးအဆင်ပြေပါတယ်။
- မိမိ idevice မှာ မြန်မာစာအတွက် http://cydia.macforus.com ထဲမှာ
Zawgyi iOS 4.3 font install လုပ်မထားပဲ အခြား Zawgyi iOS font install လုပ်ထားပါက
Remove မလုပ်ပဲ Zawgyi font iOS Uninstaller နဲ့ပြုလုပ်ပေးပါ။
အခန့်မသင့် မိမိ idevice iOS ပြန်ပြီး မတက်ပါက restore လုပ်ပြီ
Jailbreak ပြန်ပြီး ပြုလုပ်ပါက ပိုပြီးအဆင်ပြေပါမယ်။
Zawgyi font iOS Uninstaller ပြုလုပ်ပြီးလျှင်
Zawgyi iOS 4.3 Font ကို install ပြုလုပ်ပေးပါ။
- ကျွန်တော်လေ့လာထားသလောက် Zawgyi font iOS Uninstaller မလုပ်မိပဲ
အခြား Zawgyi iOS font install လုပ်ထားမိလို့ remove ပြန်လုပ်ပါကလဲ
restart ကျပြီး iOS ပြန်မတက်တာမျိုးကြုံရပါတယ်။
အဆင့် ၃
မြန်မာစာကီးဘုတ်အတွက် http://cydia.macforus.com ထဲမှာ
MMKeyboard for iOS5 ကို install ပြုလုပ်ပေးပါ။
အဆင့် ၎
မြန်မာစာကီးဘုတ်ဖော်ဖို့အတွက် Setting >>> General >>> Keyboard ထဲမှ >>>
International Keyboards ထဲမှ Czech ကိုရွေးပေးပါ။
ပြီးရင် Setting ထဲကနေထွက်ပြီး စာရိုက်လို့ရမယ့် နေရာတစ်ခုမှာ ကီးဘုတ်ကိုကြည့်ပါ။
ကမ္ဘာလုံးပုံလေးနဲ့ ခလုတ်လေးကို နှစ်စက္ကန့်ခန့်ဖိထားလိုက်ရင် Zawgyi ဆိုတာလေးပေါ်လာပါမယ်။
အဲဒီထဲကိုဝင်ပါ။
အခုအဆင့်တွေ ပြီးဆုံးပြီဆိုလျှင် မိမိ idevice မှာ မြန်မာစာ နဲ့ မြန်မာစာကီးဘုတ်အတွက်
ကောင်းမွန်စွာအသုံးပြုလို့ရပါပြီ။(<<<<< >>>>>)
0

ကွန်ပျူတာကို USB Stick ဖြင့် Lock ချမယ်



မင်္ဂလာပါခင်ဗျာ.... ဒီနည်းလေးကတော့ ကွန်ပျူတာကို အသုံးပြုနေရင်း ခဏအပြင်သွားစရာရှိလို့ဖြစ်စေ windows စအတက်မှာဖြစ်စေ USB Stick လေး အသုံးပြုပြီး Lock ချနိုင်တဲ့နည်းလေးပါ.... သုံးရတာ တော်တော်အဆင်ပြေပါတယ်... ကွန်ပျူတာအလုံးရေများများ အသုံးပြုတဲ့ ရုံးတို့ သင်တန်းတို့မှာလည်း သုံးနိုင်ပါတယ်.... ဥပမာ Stick တစ်ချောင်းတည်းဖြင့် ကွန်ပျူတာ ၃ လုံးကို Lock လုပ်နိုင်သလို၊ တစ်လုံးတည်းကို stick နှစ်ချောင်းဖြင့် နှစ်ဦး သုံးသလိုမျိုး အသုံးပြုနိုင်ပါတယ်.. သုံးလို့တော်တော်အဆင်ပြေပါတယ် Lock ဖြစ်နေတဲ့အချိန် Password ရိုက်ပြီးလည်း ဖွင့်နိုင်သလို အခြားသူများရှေ့မှာ password မရိုက်လိုလျှင် ( သော့သဖွယ် ) stick လေးထိုးလိုက်ယုံနဲ့ ပွင့်သွားမှာပါ.... သဘောကတော့ Stick ပေါ်မှာ password ကိုအရင် Creat key လုပ်ထားပြီး Stick လေးထုတ်လိုက်ယုံနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ Lock ချပေးမှာဖြစ်ပါတယ်... Lock ဖြစ်နေစဉ် ကွန်ပျူတာ  စကရင် (အနက်ရောင်အတိုင်း) ပိတ်သွားမှာဖြစ်သလို Mouse နှင့် Key board ခလုပ်များအားလုံး disabled ဖြစ်သွားမှာပါ... Lock ဖြစ်နေတဲ့အချိန် တစ်ယောက်ယောက်က လာကိုင်ပြီး password ကို သတ်မှတ်ထားတဲ့အချိန်အတွင်း မှန်ကန်အောင်မထည့်ပေးနိုင်ပါက Alarm ပေးသည့်အပြင် မိမိပြန်လည်အသုံးပြုတဲ့အခါ လာရောက်ကိုင်တွယ်သွားကြောင်း ဖော်ပြပေးပါတယ်... 32, 64 နှစ်မျိုးစလုံးမှာ သုံးနိုင်ပြီ စမ်းသပ်အသုံးပြုတဲ့ သူငယ်ချင်းများ ကြိုက်နှစ်သက်ကြမှာပါ ...




အသုံးပြုမည့် 
PREDATOR (protects your PC with a USB flash drive)
 ဆော့ဝဲလ်လေးကို  ဒေါင်းလော့ယူရန် အောက်တွင်ဖော်ပြထားပါသည်...
=======================================================
Download ရလာသောဖိုင်ကိုဖြည် Install လုပ်ပြီးဖွင့်လိုက်ပါ...
password နေရာမှာ မိမိအသုံးပြုလိုတဲ့ password ကိုထည့်ပါ...
ပြီးလျှင် အသုံးပြုမည့် usb stick ကို တပ်ပါ..
အောက်ပုံတွင် ပြထားသည့် Creat Key on drive  နေရာတွင် မိမိအသုံးပြုမည့် stick ကိုရွေးပေးပါ....
ပြီးလျှင် create key ကို နှိပ်ပြီး stick တွင် password မှတ်နိုင်ပါပြီ...
 windows အတက်မှာပါ အသုံးပြုလိုလျှင် auto start with windows တွင် အမှတ်ခြစ်ပေးပါ...

 အားလုံးပြီးလျှင် OK နှိပ်ပြီး အသုံးပြုနိုင်ပါပြီ...

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။ (နည်းပညာ ဥယျဉ်း)
 
0

Pattern Lock

Pattern Lock မေ့နေတဲ့သူငယ်ချင်းများအတွက် ဒီနည်းလမ်းလေးကတော့ ဖုန်းထဲက ဒေတာတွေ မပျက်ပါဘူး။ လိုအပ်ချုက်တော့ရှိပါတယ် ဖုန်းက root လုပ်ပြီးသားဖြစ်ရပါ့မယ်... နောက်တစ်ခုက Usb debugging on မိခဲ့ဖို့ပါ အဲဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ အဲဒီအချက်တွေ ဖုန်းမှာ လုပ်ထားမိတယ်ဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ဒေါင်းလော့ဖိုင်ထဲက ဖိုင်လေးကို ဖြည်ပြီးတော့ အထဲက remove pattern ဆိုတဲ့ bat ဖိုင်လေးကို run လိုက်ပါ press any key to continue ဆိုပေါ်လာရင်တော့ enter တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ pattern lock ကို လိုသလိုဆွဲနိုင်ပါပြီခင်ဗျာ။
0

Gmail အကောင့်အတွက် ဖုန်းမလိုတဲ့ နည်းလမ်းသစ်


ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ်


အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထားမိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)

သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..
ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ


အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် .. အကြောင်းကြောင်းကြောင့် အောက်က ပေ့ကို မရောက်ဘူးဆိုရင် http://pinger.com/tfw/ လို့ ပြောင်းပြီးပြန်ရိုက်ထည့်ကြည့်ပါ


အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်


အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..


အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..


အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..


အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)



အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ .. (gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ ..
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .


အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..
အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်


အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်


အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ


ဟိုက်ရှားစ်ပါးစ် ... gmail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ ..

ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..
ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..
အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်
Location နေရာမှာလည်း United States ကိုပြန်ရွေး
သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်
I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..









ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..
ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ် ..
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ(အောင်အောင်<မကစ>)
0

ပျောက်ရင်ရှာ

    တခါတလေ  Memory Stick သို့မဟုတ် အခြား USB hard drive တစ်ခုခုကိုကွန်ပျူတာထဲထိုးလိုက်တဲ့အခါ USB အသံ ကိုသာကြားရပြီး AutoPlay က မ Run တာ ၊ My Computer ထဲမှာသွားကြည့်တော့လည်း အဲ့ဒီ Drive က ပျောက်နေတာတွေကို ကြုံတွေ့ရတက်ပါတယ်။အဲ့ဒီ ပြဿနာဟာ များသောအားဖြင့် ဖြစ်နိုင်ချေအရှိဆုံးကတော့  သင့်  USB drive ရဲ့ နာမည်ဟာ အသုံးပြုပြီးသားနာမည်ဖြစ်နေလို့ပါဘဲ ။အခု ကျနော် အဲ့ဒီလိုပြဿနာမျိုးနဲ့ကြုံလာတဲ့အခါ Drive letter ကို ဘယ်လိုပြောင်းပြီးသုံးနိုင်လဲဆိုတာလေး နည်းနည်းလောက်  ပြောပြချင်ပါတယ်။မသိသေးတဲ့သူငယ်ချင်းတွေ အဲ့လိုပြဿနာနဲ့ကြုံလာတဲ့အခါ အလွယ်တကူဖြေရှင်းနိုင်အောင်ရည်ရွယ်ပြီးရေးလိုက်တာပါ။ကျနော်သိထားတဲ့ဟာလေးတွေကို ကျနော့်သူငယ်ချင်းတွေဆီ ပြန်ပြီးဖြန့်ဝေပေးတဲ့ သဘောသက်သက်ပါ ... ။
           

       Start Menu မှ Computer ပေါ်တွင်  Right click နှိပ်ပြီး Manage ကို သွားပါ။Desktop Icon ပေါ်မှာ Right click နှိပ်ပြီး သွားလည်းရပါတယ်။

 Computer Management ဆိုတဲ့ window တစ်ခု ကျလာပါလိမ့်မယ်။ထို Computer Management window မှ Storage ထဲကိုဝင်ပါ။

ထိုနောက်  Disk Management ကို ကလစ်၍ ယခု လက်ရှိ သင့်ရဲ့ကွန်ပျူတာနှင့် ဆက်သွယ်နေသော Drive များထဲမှ သင်ပျောက်ဆုံးနေသော သင့်ရဲ့ Drive ကိုရွေးချယ်ပြီး Right Click ထောက်ပါ။Change Drive Letter and Paths... ဆိုတဲ့ အကြောင်း ကိုကလစ်။

 Change Drive letter and Paths for ... ဆိုတဲ့ window တစ်ခု ကျလာလိမ့်မယ် ... အဲ့မှာ Add / Change / Remove ဆိုပြီး Button သုံးခုပါရှိတယ်။ Change ကို  နှိပ်လိုက်ပါ။

ထိုနောက် Drive letters list ထဲမှ သင်နှစ်သက်ရာနာမည်ကို ရွေးချယ်သုံးစွဲနိုင်ပါသည်။သို့သော် သင်ရွေးချယ်လိုက်သော Drive letter သည် အသုံးပြုသူမရှိသေးသော Drive letter တစ်ခုဖြစ်ရပါမည်။ “ I ” လို့ပေးလိုက်ရင် အကောင်းဆုံးပါဘဲ။

ထိုနောက် Disk Management ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။အဲံမှာ Yes ဆိုတာကို နှိပ်လိုက်ပါ။အဲ့ဒါပြီးသွားရင်တော့ သင့်ရဲ့ Drive letter အား ပြောင်းလဲပြီးသွားပါပြီ။

 Disk Management ကို ပြန်သွားပြီး သင့်ရဲ့ USB drive အားပြန်ကြည့်လိုက်ပါ။ သင့်ရဲ့ USB Drive  ၏နာမည်ပြောင်းသွားသည်ကို  မြင်ရပါလိမ့်မည် ။အကယ်၍ သင့်ရဲ့   Memory Stick သည်  AutoPlay ဖြစ်ပါက Stick ထိုးလိုက်တာနဲ့ File တက်လာလိမ့်မည်။

တကယ်လို့ AutoPlay မဟုတ်ဘူးဆိုရင်လည်း  Ctrl + E  ကို နှိပ်ပြီး My Computer ထဲမှာ သွားဖွင့်လို့ရပြီ ...။အဆင်ပြေပါစေခဗျာ :)

0

cctv အစားထိုး

ပထမဆုံး  အနေနဲ အသုံးဝင်ပုံကို ပြောပြသွားပါ့မယ်..။
ဒီ ကောင်လေးက cctv တို လုပ်ဆောင်သည့် video တွေ photo တွေကိုပါ  အချိန် စက္ကန့် နေရက် လ နှစ် အတိအကျ မှတ်သားထား
နိုင်ပါတယ်..။
ထူးခြားချက်လေးက ဒီကောင်လေးကို auto audio အဖြစ် ခိုင်းထားမယ်ဆိုရင်.. မိမိ ကန်မရာ ( webcam ) ရှေ့  တစ်ခုဖျက်လျောက်
သွားတာမျိုး ကို ဓါတ်ပုံအလိုအလောက် ရိုက် ပြီး အသံ များဖြစ်ပါ အချက်ပေး နိုင်တာလေးတွေရပါတယ်..။
ထိုအပြင် မိမိ webcam သည် မည်မျှ မှုန်နေပါစေ ဒီကောင်လေးထဲမှာကြည့်လျင် အတတိနိုင်ဆုံး ကြည့်လင့်ပျက်သာ
တာတွေ မြင်နိုင်မှာဖြစ်ပါတယ်.။။
အတော်ကို သုံးလိုကောင်းတာလေးပါ..။ ကဲ ဒါဆို စဖို အချိန်ရောက်လို လေလျော့ ပြီး လက်တွေ့ ချမယ်..။
SC.1.5.0.2_setup.rar ဖိုင်းလေးကို ဒေါင်းလိုင်ပါ.။
ဘယ်လောက်မှမရှိပါဘူး.သေးသေးလေးပါ..။
SC.1.5.0.2_setup.rar ဖိုင် ကိုဖြည့်လိုက်ပါ ရလာတဲ့ setup
0

ဘယ်လို ပင် နှိပ်ကျပါစေ......

တခါတုန်းက မြို့ရွာနဲ့ မနီးမဝေး တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေစားလေ့ရှိပါတယ်။ ဒီ ထမလေစား (ထမင်းလုံးအလေအလွင့်ကိုစားသော)ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ်ဖြစ်လာပြီး … လူအဖြစ်ကို ဖန်ဆင်းပေးလိုက်သတဲ့။ (အဲဒီမှာ ရသေ့ကြီး စမှားတာပဲ)

ထမလေစား ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘ၀ကို ပြောင်းသွားတာပေါ့။ ရသေ့ကြီးဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လဲ ရုပ်ရည်ရူပကာက လှတပတ ရှိပါသတဲ့။
ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ … တောကစားထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွားပါလေရော။
ဒီမိန်းကလေးကိုတွေ့သွားတဲ့ ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက်သဘောကျတော်မူတာပေါ့။ သူတို့နှစ်သက်ပြီဆိုမှဖြင့် ပိုင်ရှင်ရှိမရှိမေးမြန်းပြီး (မေးလို့တော်သေးတာပေါ့) ဖခင်ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ်။

ဘုရင်မင်းမြတ်ကိုယ်တိုင်က တော်ကောက်တာဆိုတော့ ရသေ့ကြီးကလဲ ရုတ်တရက် ဒီမိန်းကလေးဟာ ခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။ ဒါပေမဲ့ … အခုလို မင်းကြီးကို လျှောက်တင်မှာကြားပါတယ်။
“မြတ်သောမင်းကြီး … အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်၊ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်းရောက်တဲ့အခါ တစုံတရာ အပြစ်ကျူးလွန်မိခဲ့ပါလျှင် သနားသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ”
ဘုရင်ကြီးကလဲ နောင်ခါလာနောင်ခါဈေး … အခုလောလောဆယ် ဒီမိန်းကလေးကို ရရင်ပြီးရောဆိုပြီး ခွင့်လွှတ်မှာဖြစ်ကြောင်း ပြောပြီး ခွေးမိန်းကလေးကို ခေါ်သွားပါလေရော။

ရသေ့ကြီးက ဘုရင်ကြီးကိုမှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို …
“ချစ်သမီး …မြင့်မြတ်တဲ့နေရာရောက်ရင် … မြင့်မြတ်တဲ့စိတ်မွေးပါ …” ဆိုပြီး မှာကြားရပြန်ပါတယ်။
ခွေးမိန်းကလေးကလဲ ကောင်းပါပြီ အဘရသေ့ကြီး ဆိုပြီး ဘုရင်ကြီးခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့။
***
နန်းတော်ထဲရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာအထူးအဆန်းတွေချည်းမို့ အံ့ဘနန်းဖြစ်နေတာပေါ့။ ဘုရင်ကြီးကလဲ သူ့ကို သင်ကြားစရာရှိတာသင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရားမြှောက်လိုက်သတဲ့။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီးဖြစ်သွားတာပေါ့။
ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံးအဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိဖြစ်နေပါတယ်။

ဘာလဲဆိုတော့ သူဟာ ခွေးဘ၀ကလာသူဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရလို့ပါပဲ။
ဒီလိုနဲ့ လူခြေတိတ်တဲ့ ညရောက်တော့ … သူ့စိတ်ကို မထိမ်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေတရံပြီးတရံ ကိုက်ဝါးပါလေရော။

မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီကြွက်စီနဲ့ပေါ့။ ဘယ်ကခွေးလေခွေလွင့်က ၀င်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော်တခုလုံး အုံးအုံးကျက်ကျက်နဲ့ ဖြစ်နေတယ်။ နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလဲ ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။ ဒီတော့ မဖြစ်ချေဘူး … မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြသတဲ့။

ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလဲ ထိမ်းချုပ်ဖို့ ခက်သားလား။ ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင်ပြန်ဘူး။ သွားရေတမြားမြား ပါးစပ်တပြင်ပြင်နဲ့ ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။

ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီးကိုတော့ ဘယ်သတိထားမိမှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေကိုက်ခံလိုက်ရပြန်ပါရော။ ဒီလို ခဏခဏဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားသတဲ့။ (ဘုရင်ဆိုတာ တခုခုဆိုရင်နောက်ဆုံးမှသိရတာ)

ဘုရင်ကြီးက ဖိနပ်ကိုက်သောခွေးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း … မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ်လိုက်တယ်။ (ခွေးတကောင်ကြောင့် ဒုက္ခရောက်ကြရတာလေ)
နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေးကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတယ်။
သန်းခေါင်ကျော်လောက်လဲကျရော …ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေကတွေ့သွားတော့ … တယောက်မျက်နှာတယောက်ကြည့်ပြီး ခေါင်းယမ်းကြတယ်။
ဘယ်လိုလုပ်ရပါ့။ တကယ့်မီးခဲပဲ။ ဘုရင်ကြီးကို ဘယ်လိုလျှောက်တင်မလဲ။ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လဲ ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။ ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လဲ … ….
***
မနက်မိုးလင်းတော့ ညီလာခံမှာ ဘုရင်ကြီးက မေးပါတယ်။
ကဲ .. ဘယ်လိုလဲ … ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့။ ခွေးမိဖုရားကလဲ နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲလို့ ရင်တထိတ်ထိတ်နဲ့ပေါ့။
မှူးမတ်တယောက်က ပြားပြားဝပ်ခစားနေရင်းက
“မှန်လှပါ … ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား” လို့ လျှောက်တင်တော့ …
ဘုရင်ကြီးလဲ … ဒါဖြင့် ငါကိုယ်တော်မြတ်ကိုယ်တိုင် ဖမ်းမယ် လို့ မိန့်တော်မူလိုက်ပါသတဲ့။

အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့အတူ အိပ်ရာညောင်စောင်းထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲနေရ ကောင်းမလားတော့တွေးမိပါရဲ့၊ သို့သော်လဲ ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင်ပေဘူး။ ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေရှိရာဆီကို သွားတယ်။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင်ဆောင်နေတာပါ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ … လားလား ..ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး “ဟင်” ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီးလိုက်ချောင်းတာကို ခွေးမိဖုရားကြီးလဲ သိသွားတော့တာပေါ့။

ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။
ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးက ငါ့ကိုမှာတာ နေမှာ။ ဘယ်လိုလုပ်ရမလဲ … ဆက်ထားပြန်ရင်လဲ ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်းဖြစ်ကုန်မဲ့ အပြင် … အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာဖြစ်အုံးမယ်၊ ပြစ်ဒဏ်ပေးပြန်ရင်လဲ …. ရသေ့ကြီးကို ကတိဖျက်ရာကျမယ် … ။ စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင်ဖြစ်နေတော့တယ်။

ခွေးမိဖုရားကြီးကလဲ သဘောပေါက်ပါတယ်။ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်းသိရင် ငါ့ကို သတ်မှာဘဲ။ ဒီတော့ ငါက အရင် ရသေ့ကြီးဆီသွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ သွားသတဲ့။

ရသေ့ကြီးက ဈာန်အဘိညာဉ်ရထားသူဆိုတော့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။
ဒါနဲ့ပဲ …
“သြော် … ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကိုသတ်ဖို့ လာနေပြီ …. မိုက်မဲလေစွ … အင်း … သတ္တ၀ါတခု ကံတခုပေပဲ …” လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင်ကနေ မူလနဂိုအတိုင်း ခွေးဘ၀ကူးပြောင်းသွားပြီး လမ်းခရီးချောက်ကမ်းပါးထဲ လိမ့်ကျသေဆုံးသွားပါသတဲ့။
***
မြင့်မြတ်တဲ့ နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင် တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။
အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဥာဏ် နည်းပါးတဲ့သူမျိုးကို ဘယ်လိုကြီးမားတဲ့ ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး … အဲလို မြှင့်တင်ပေးရင် ကိုယ်သာ ဒုက္ခတွေ့ရနိုင်တယ် … လို့ ဘုန်းကြီးကပြောရင်း သူ့ပုံပြင်ကို နိဂုံးချုပ်လိုက်ပါတယ်။
***
ပုံပြင်လေးကတော့ဒါပါပဲ … ။
***