0

G-TALK ချက်ဘောက် ဘက်ဂရောင်းပြုလုပ်ခြင်း

 

မိမိ ကိုယ်ပိုင် ကွန်ပြူတာ နဲ့ ချက်တင်သမား တွေ အတွက် မိမိ ဂျီတော့ ချက်ဘောက် လေးကို
အပုံလေး ထည့် ပြီး အသုံးပြုနည်းလေး ပြောချင်ပါတယ်..သိပြီးသူများရှိမယ် ထင်ပါတယ်
မသိသေးမရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါတယ်..ညီလုပ်ထားတဲ့ ဒီဇိုင်းလေး ကို အရင်ကြည့် လိုက်ပါဦး
မိမိ ဥာဏ်ရှိသလို ဖိုတိုရှော့ သုံးပြီး ပြုလုပ်လို့ ရပါတယ်..
နမူနာ ပုံလေး က
အိုကေ ကြိုက်ရင် စလိုက်ရအောင်..
အဆင့်  ၁။။။ RUN ကို ခေါ်လိုက် run ကို start ကနေပြီး နှိပ်လိုက်ရတယ် နောက်ခေါ်နည်းက window key နဲ့  r ကို တွဲနှိပ်ရင် run ဘောက် ပေါ်လာမယ်..

အဆင့်  ၂။။ Local Settings\Application Data\Google\Google Talk\themes\system\chat\ClassicPicture\Contents\Resources
အထက်ပါစာသားကို တစ်လုံးမကျန်အောင် ထည့်  ပြီးရင် အိုကေ နှိပ်လိုက်..ဒီလိုပုံလေး ပေါ်လာမယ် xp ၀င်းဒိုးမှာနော် w 7 လဲရတယ် ..

ပြီးရင် မိမိ ကြိုက်ရာ ဓါတ်ပုံ တစ်ခု ကို အခုမြင်ရတဲ့  ဖိုင် ထဲ ထည့် လိုက်
မူရင်း ဖိုင် မှာ ငါးဖိုင်ပဲ ရှိမယ် ဓါတ်ပုံ ထပ်ထည့် ရင် အားလုံးပေါင်း

ကွန်ပြူတာဖွင့် စဉ် နှေးနေတာ ကိုမြန်အောင်လုပ်နည်း


ကွန်ပျူတာစဖွင့်တာနှေးနေရင်စောင့်ရတာပျင်းစရာကောင်းသလိုအချိန်မရတဲ့သူတွေ
အတွက်တော့ဒီနည်းလေးကအဆင်ပြေနိုင်မယ်ထင်ပါတယ်အခြေခံသမားလေးတွေသိ
ထားသင့်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်လုပ်နည်းလေးက.......။

ကွန်ပျူတာ လိမ်ရောင်းနည်း

 http://itchegorkha.com/files/listings/222.jpg
ခေါင်းစဉ်မြင်လိုက်တော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..ဒါပေမယ့် ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်တာပါ..ဘယ်လိုလဲဆိုတော့..အခုတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါးက ကွန်ပျူတာ တွေ LapTop တွေ အစုံအလင်ကိုင်လာနိုင်ကြတယ်..တစ်ချို့က အသုံးလိုလို့ဝယ်တယ်..တစ်ချို့က ဂိမ်းဆော့ချင်လို့.တစ်ချို့က သူငယ်ချင်းတွေရှိရင်.ငါလဲရှိရမယ်ဆိုတဲ့ စိတ်..ဘယ်လို..ဘယ်လိုအကြောင်းတွေကြောင့်ဘဲဖြစ်ဖြစ်..အပြိုင်အဆိုင် ၀ယ်ယူလာကြပါပြီ..နားလည်တဲ့ သူရှိသလို..
 နားမလည်တဲ့သူတွေလဲရှိပါတယ်..ဒါကိုအခွင့်ကောင်းယူပြီး ရောင်းချသူအချို့က ကွန်ပျူတာ CPU ကိုလိမ်ပြီးရောင်းပါတယ်..ဘယ်လိုလိမ်လဲဆိုတော့ နဂိုက CPU P4 ကို.. Dual Core i5 ဆိုပြီး လိမ်ညာ
0

ပရိတ်ကြီး ၁၁ သုတ်

ပရိတ်ကြီး ၁၁ သုတ်

ပရိတ်ကြီး ၁၁ သုတ် အစ-အဆုံး - ဦးဝိစိတ္တသာရဘိဝံသ မင်းကွန်းဆရာတော်ကြီး (Download - 56.25 MB)
ပရိတ်ကြီး ၁၁ သုတ် နှင့် အနက် - သီရဂူဆရာတော် (Download - 4.3 MB)
ပရိတ်ကြီး ၁၁ သုတ် (Download - 15.48 MB)

ပရိတ်ကြီး ၁၁ သုတ် တစ်ပုဒ်ချင် ရယူလိုသူများအတွက် အောက်တွင် ဒေါင်းယူနိုင်ပါသည်(ဇာနည်)
0

ဂါထာတော်များ

သဗ္ဗဇယမင်္ဂလာဂါထာတော်

သဗ္ဗဇယမင်္ဂလာဂါထာတော် ဖြင့် မေတ္တာပို့ခြင်း
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တုမှာကံ ဟောန္တု သဗ္ဗဒါ။
အာဒိစ္စော - ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းလင်းပ၀င်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌၊ တပတိ - လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။ စန္ဒိမာ - စန်းငွေယုန်ခ သော်တာလသည်၊ ရတ္တိံ - ညဥ့်အခါ၌၊ အာဘာတိ - နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။ သန္နဒ္ဓေါ - ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော၊ ခတ္တိယော - လူတို့သနင်း ပြည့်ရှင်မင်းသည်၊ တပတိ - ကြီးမြင့်ခံ့ထယ် တင့်တယ်ပါပေ၏။ ဈာယီ - ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ၀င်စားလျက်ရှိသော၊ ဗြဟ္မဏော - ကိလေသာကို ပယ်သတ်ပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်၊ တပတိ - ဈန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။ အထ - ထိုမှကြူး၍ ထူးသည်မှာကား၊ ဗုဒ္ဓေါ - သစ္စာလေးဆင့် ခိုင်လုံရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာ ဘုရားသည်၊ သဗ္ဗမဟောရတ္တိံ - နေ့ရောညဥ့်ပါ အခါကာလပတ်လုံး၊ တေဇသာ ကြီးကဲစိုးရ တန်ခိုးတော် အနန္တဖြင့်၊ တပတိ - အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါ ပေသတည်း။
ဧတေန သစ္စ၀ဇ္ဇေန - ဤသို့ ဖော်ထုတ်မှန်သော သစ္စာစကားကြောင့်၊ တုမှာကံ - အသင်တို့အား၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ သောတ္တိ - ချမ်းသာခြင်းသည်၊ ဟောန္တု - ဖြစ်ပါစေသတည်း။ 


စိန္တာမဏိ ဂါထာတော်


စိန္တာမဏိ ဂါထာတော်
စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ
ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မရတနာနံ
ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ
ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
၀၁။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဗုဒ္ဓံ - ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ - ဘုရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။
၀၂။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဓမ္မံ - တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ - တရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။
၀၃။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ သံဃံ - သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ - သံဃာတည်းဟူသော ရတနာ တို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။
ဤ စိန္တာမဏိ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကိုကြိုတင် သိ ရှိနိုင်သည်။ ဤဂါထာသည် ၅၅၀ နိပါတ်၊ ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သော ဂါထာဖြစ်သည်။
ထိုဇာတ်တော်တွင် စိန္တာမဏိ ဂါထာတော် ကို ရသည့် အချိန်မှစ၍ ပဒကုသလ လုလင်သည် ခြေရာ ကောက် အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း၊ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်းမင်းမြတ်၏ န၀ရတ်လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည် ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက် ပျောက်ဆုံးမှုတို့ကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့် စည်းစိမ်ခံစားခဲ့ရကြောင်း စသည့် စိန္တာမဏိ ဂါထာတော်၏ တန်ခိုးအစွမ်း သတ္တိများကို ဖွင့်ဆိုဖော်ပြ ထားလေသည်။

သက်ရှည်ကျန်းမာဂါထာ

အဠာ န မေတံ ဘိက္ခဝေ အန၀ကာသော
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ
အနုပက္ကမေန ဘိက္ခဝေ ထတာဂတာ ပရိနိဗ္ဗာယန္တိ
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ရဟန်းတို့ သူတစ်ပါးတို့၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိနြေ္ဒမှ ချခြင်းမည်သည် မဖြစ်နိုင်၊
ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ်အတိုင်း နေ၍ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန် စံဝင်ကြကုန်၏။
ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်သည် အမြဲတမ်းကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ။

ဘုရားရှင်အားလုံးတို့အားရှိခိုးခြင်း

ယေ စ ဗုဒ္ဓါ အတီတာ စ
ယေ စ ဗုဒ္ဓါ အနာဂတာ
ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ
အဟံ ၀န္ဒာမိ သဗ္ဗဒါ
  • ပွင့်တော်မူပြီးသော ဘုရားရှင် အားလုံးတို့အားလည်းကောင်း၊
  • ပွင့်တော်မူလတ္တံ့ သော ဘုရားရှင် အားလုံးတို့အားလည်းကောင်း၊
  • ပွင့်တော်မူဆဲသော ဘုရားရှင်တို့အားလည်ကောင်း၊
တပည့်တော်သည် အခါခပ်သိမ်း ရှိခိုးပါ၏။

နမောတေ ဂါထာ

နမော တေ ပုရိဿဇည
နမော တေ ပုရိသုတ္တမ
နမော တေ တိ ဏ္ဏသံဿရ
နမော တေ အမတံ ဒဒ။
အာဇာနည်ယောင်္ကျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။
မြင့်မြတ်သော ယောင်္ကျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။
သံသရာမှ ကူးမြောက်ပြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။
မသေရာ နိဗ္ဗာန်ကို ပေးတော်မူတတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏။

ဇယစက္က ဂါထာတော်

အောင်ဆုပန် ဇယစက္က ဂါထာတော်
ဇယစက္ကော ဇယန္တော ယော
ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ
ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားသခင်ကိုယ်တော်မြတ်ကြီး သည်
ဇယာသနေ အောင်သိဒ်ဓိဆင်မြန်းသည့် မလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း
ဇယိတေ အောင်အပ်သည့်တရား မာရ်ငါးပါးအပေါင်းတို့ကို
ဇယန္တော အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ် ကင်း အောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား
ဇယာပေသိ ကိုယ်တော်မြတ်နှင့် အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွက်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ် တော်မူစေ၍ အောင်စေတော်မူလေပြီ။

ဇယုတ္တရော အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွက်ခေါင်မြတ်သရဖူ သယမ္ဘု မကိုဋ်ထီး အောင်ပွဲဝင် ပုဂ္ဂို  လ်ကြီး ဖြစ်ပေထသော

သော ဇယစက္ကော အလုံးစုံအောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
မေ မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား
ဇယံ အောင်ခြင်းကို ၀ါ အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်နိဗ္ဗူပန်းခိုင်ကြီးကို
ဒေတု ပေးသနားတော်မူပါ အရှင်ဘုရား

ဓာရဏပရိတ်သုတ်ပါဠိ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗွံ ၀စီကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗွံ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊

အောက်တွင်ဆက်ဖက်ရှုနိုင်ပါသည်....(ဇာနည်အောင်)

0

Memory ကတ်ထဲမှာ အရေးကြီး Data ကို တစ်ယောက်ထဲအတွက်သုံးမယ်ဆိုရင်


Memory ကတ်ထဲမှာ အရေးကြီး Data ကို တစ်ယောက်ထဲအတွက်သုံးမယ်ဆိုရင်



ဒီဆောစ့်ဝဲလ်လေးကိုပြောရရင် Memory ကတ်ထဲမှာ အရေးကြီး Data တွေဖြစ်ဖြစ်

အများမသိစေချင်တဲ့ Data တွေဖြစ်ဖြစ် ထည့်ထားတဲ့သူတွေအတွက် အသုံးဝင်မယ့် ဆောစ့်ဝဲလ်လေးပါ

ဘာဖြစ်လို့လည်းဆိုတော့ ဒီဆောစ့်ဝဲလ်လေး အသုံးပြုထားရင်

မန်မိုရီကတ် ပျောက်သွားတာတောင် ကတ်ထဲက ဒေတာတွေ အခြားသူတွေ ယူလို့မရနိုင်ပါဘူး

မတော်တဆ မန်မိုရီကတ် ပျောက်သွားလို့ တစ်ခြားတစ်ယောက်က ကောက်ရခဲ့ရင်

ကောက်ရခဲ့သူက ဘယ်ကွန်ပျူတာမှာဘဲထည်ပြီးတော့ ဖွင့်ဖွင့် ဘာဖိုင်မှမြင်ရမှာမဟုတ်ပါဘူး

အပေါ်က ဓာတ်ပုံအတိုင်း သုံးဖိုင်လေးဘဲဖြစ်ရမှာပါ

ပြီးတော့ မန်မိုရီက 576KB လောက်ဘဲရှိတဲ့ ဖိုင်ဆိုဒ်အနေနဲ့တွေ့ရမှာပါ

တကယ်လို့ format လုပ်လိုက်တယ်ဆိုရင်လည်း 576KB လောက်ရှိတဲ့ ပမာဏကိုတွေမြင်ရမှာဆိုတော့

မန်မိုရီကတ်ကို ကောက်ရတဲ့သူ အနေနဲ့ အသုံးပြုလို့လည်းမရပါဘူး

ဒါကြောင့် သုံးသင့်တယ်လို့အကြံပေးချင်ပါတယ်

သူက free ဖြစ်တဲ့အတွက် 4G အထိဘဲ Password ထည့်လို့အဆင်ပြေပါတယ်

http://kashu-sd.co.jp/en/ ဒီလင့်  မှာ Download လုပ်နိုင်ပါတယ်

လုပ်ဆောင်ချက်တွကို Pdf ဖိုင်နဲ့ တစ်ခါတည်းပါပြီးသားပါ

လုပ်ဆောင်ချက်အနေနဲ့ပြောရင် အရင်ဆုံး ဆောစ်ဝဲလ်ကို Install လုပ်ပါ

ပြီးရင် ကိုယ် password ထည့်မယ် မန်မိုရီကတ်ထဲက ဒေတာတွေကို

(အကုန်လုံး)ကွန်ပျူတာရဲ့တစ်နေရာထားလိုက်ပါ



ပြီးရင် ဆောစ့်ဝဲလ်ကို ဖွင့်ပြီး Update ကိုကလစ်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း


ကျွန်တော်ကတော့ ဒီ ကွန်ပျုတာ Sleep သွားတာ ခဏခဏကြုံရတယ် အထူးသဖြင့် Download လုပ်နေ
တဲ့အချိန် ဒါမှမဟုတ် Upload လုပ်နေတဲ့အချိန်မှာ ကိုယ့်ကလဲ ဒီအတိုင်းဘဲ ကွန်ပျုတာကို ထားခဲ့ပြီးအပြင်
ထွတ်သွားတာပေါ့ ပြန်လဲရောက်ရော ကွန်ပျုတာက အိပ်ပျော်နေပါရော(Sleep) ပြန်လဲဖွင့်လိုက်ရော
Download, upload လုပ်ထားသမျှတွေ အကုန် ပျက်ပြီး အစကနေ ပြန် Download, upload လုပ်ရတာပေါ့။ ဒီဘာမှမဟုတ်တဲ့ Setting လေးတခုကို မချိန်းထားမိတာနဲ့ အခုလိုဖြစ်ရတာပေါ့။ တခါတလေကျတော့လဲ အခုလိုကွန်ပျုတာ(Sleep)အိပ်ပျော်အောင် လုပ်ထားခြင်းဖြင့် တခါတလေမှာလဲ
ကိုယ်မသုံးဘဲနဲ့ ဒီအတိုင်းထားခဲ့မိရင် သူ့အလိုလျောက်ပိတ်သွားတော့ မီးအားသက်သာပြီး အဆင်ပြေတာပေါ့။

ဆိုတော့ Setting အပြောင်းအလဲကို
Desktop မှာ Right click- personalization-screen saver-change power settings- change when the computer sleeps ကနေပြီးတော့ ကိုယ်လိုအိပ်သလို အပြောင်းအလဲလုပ်နိုင်ပါတယ်။
0

Laptop computer သုံးစွဲသူများ သတိပြုရန်အချက်များ


၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။

ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။



၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။




၃။သံလိုက်စက်ကွင်းရှိနိုင်သ
ည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။

သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။



၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။

Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်

Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။



Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။



၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။

Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။



၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။

အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။



၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။

Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။(သူဆီက ယူလာတာပါ)
        ဘ၀အရေး စိတ်အေးရလေအောင်

အာဠာဝကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရားဖြေကြားခဲ့သော အာဠဝကသုတ္တန်
(၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)

(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)

(၃)လောကမှာ အကောင်းဆုံးအရသာ ဘာလဲ။
အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။ (သစ္စံ သာဓုတရံ ရသာနံ)

(၄)လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။(ပညာဇီဝိံ ဇီဝိတ မာဟု သေဌံ)

(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။ (သဒ္ဓါယ တရဟိ သြဃံ)
 
(၆)ကျယ်ပြောသောဘ၀ကြီးကို ဘာနဲ့ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။ (အပ္ပမာဒေန အဏ္ဏ၀ံ)

(၇)ဆင်းရဲဒုက္ခကို ဘာနဲ့ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်ဖယ်ရှားနိုင်မယ်။ (၀ီရိယေန ဒုက္ခမစ္စေတိ)

(၈)စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာဆေးကြောရမယ်။(ပညာယ ပရိသုဇျွတိ)

(၉)ပညာကို ဘယ်လိုရအောင်ယူရမှာလဲ။
အဖြေ=နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ဆန္ဒရှိရင်ပညာရပါတယ်။ (သုဿုသာ လဘတေ ပညံ)

(၁၀)ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ=လုံလ ၀ီရိယရှိပြီး တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။ (ပတိရူပ ကာရီ ဓုရ၀ါ၊ ဥဌာတာ ၀ိန္ဒတေ ဓနံ)

(၁၁)အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=သစ္စာရှိ ဂတိတည် မှန်ကန်ရန်လိုတယ်။(သစ္စေန ကိတ္တိံ ပပ္ပေါတိ)

(၁၂)မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပေးကမ်းပါ။ (ဒဒံ မိတ္တနိ ဂန္ထတိ)

(၁၃)ဘယ်တရားတွေကျင့်သုံးမှ နောက်ဘ၀အရေးစိတ်အေးရမှာလဲ။
အဖြေ=အမှန်တရား၊အသိပညာ၊လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။(သစ္စံ ဒမ္မော ဓိတိ စာဂေါ)

(၁၃၇၀ ပြည့်နှစ်၊တပို့တွဲလပြည့်ကျော် ၄ ရက် တာမွေမြို့ နယ် သူဌေးလမ်းမိသားစု ဓမ္မသဘင် အခန်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဘ၀အရေး စိတ်အေးရလေအောင် တရားတော်မှ ကောက်နုတ်ဖေါ်ပြပါသည်။)
(ရွှေပါရမီပညာဒါနမှ ကူးယူဖော်ပြပါသည်)

အွန်လိုင်းမှာ ၂၄ ဘာသာကို မြန်မာလို ပြန်ပြီးကြည့်ကြစို့





ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။


    မိတ်ဆွေများအတွက် ဒီမှာ တိုက်ရိုက် ရယူပါ။ ဆော့ဝဲလ် လေးက 1.53 MB လေးပဲ ရှိပါတယ်။ လက်ဆောင် ယူထားလိုက်ပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။