0

နိုင်ငံခြားရုပ်ရှင်များကို အလွယ်တကူကြည့်ရအောင်

pps.png

download လုပ် နည်းကတော့အတူတူပါဘဲ...ဒေါင်းပြီး ရင်တော့ အလွယ်တကူကြည့်လို့ ရပါပြီသတိပေး ချင်တာတခုတော့ရှိပါတယ် ။ရုပ်ရှင်ကားတွေကိုရှာမယ် ဆိုရင်တရုတ်စာတွေဖြစ်တဲ့အတွက်နဲနဲတော့ စိတ်ညစ်ရပါမယ်.သူပေးထားတဲ့ပုံစံကတော့ doubleclick နဲ့ဖွင့်ရုံပါဘဲ၊ ပွင်လာတဲ့ထဲမှာမှ ကြည့်ချင်တဲ့ ကားများကို ရှာပြီးကြည့်နိုင်ပါပြီ ရုပ်ရှင်ကားပေါင်းသန်းနဲ့ ချီပြီးရှိမယ်လို့ ကျနော်ထင်တယ်.. ဘယ်တော့မှကြည့်လို့ မကုန်ဆုံးနိုင်တဲ့ဆော့ဝဲလ်လေးဖြစ်လို့ ဝေမျှလိုက်တာပါ... ဒီနေရာမှာ download ယူလိုက်ပါ။
နေမင်ခတ် ဆီမှဝေမျှပါသည်
0

free wifi ခိုးကြမယ်







ဆိုင်ကစက်တွေကနေ  ကိုယ်ပိုင်စက် ကို
Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက်
 WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ...:D ကဲ လုပ်ကြည့်နော်..
ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့  ကိုယ့်စက်ဖွင့်မရသူတွေ
အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်
 WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။
အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။
အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်
လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..

ပထမနည်းကတော့ Cracking  ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။

ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။

လုပ်နည်းလေးကတော့။

အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။
အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

 ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက်
က ထည့်ရမဲ့စာလုံးကို တော့သေချာထည့်ပေးဖို့လိုပါတယ်။
အဲဒါကို ကလစ်လိုက်ရင် Password တောင်းလာလိုက်မယ်။
ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့  ဥပမာ..ပြထားတဲ့  ( 069500  ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး ( 695001FFB0 )
လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm  တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK  သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected  ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့် ပါ။
                         Azlie
617a6c69303761707231393738


         092f222

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

         shaiful
30313232343433333730313233

>>>>>>>>>>>>>>>>>>>>>>>>>>>>>


         Ghost
abcd368368
>>>>>>>>>>>>>>>>>>>>>>>>>>>>>

     Yong ah foo
31393230333331313435323233

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
      meingan
63353131313036303535323735

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>



ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။


နောက်တစ်နည်း။။  ။။

SSID နာမည်တွေကို Cracking ခွေနဲ့ခိုးတဲ့နည်းပါ။
အဲဒီအခွေက Wireless password တင်မကဘူး  Creadit card password အထိ Hacking လုပ်လို့ ရပါတယ်။
ခွေကိုတော့ ရှာဝယ်ရမှာ ဖြစိပါတယ်   ( ဇာနည်အောင်)
0

ကွန်ပျူတာကိုလေ့လာခြင်း


ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို ဝေမျှချင်ပါတယ်။

" ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။

ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။

ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။

ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။ ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်..."

ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း အခြားသူများကို ပြောပြခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊ လေ့လာနည်းများကို အခြေခံပြီး "ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ" (How to Learn or Self Study about Computer and IT?) မေးခွန်း ကို အခုလို ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက အတိုချုံးလေးတွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ သွားမှာပါ။

Self-Studying - ကိုယ်တိုင် လေ့လာခြင်း
ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။

ကွန်ပျူတာ အကြောင်းကို အမြဲတမ်း စိတ်ဝင်စားပါ။ (ချစ်သူရည်းစားကို စိတ်ဝင်စားသလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။ သို့သော် ချစ်သူရည်းစားကို ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ - အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင် သုံးတတ်စေရန် ဆိုလိုပါသည်။)

ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့် ပတ်သက်သည်များကို လေ့လာနေပါ။ (အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ် လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရသွားလျင်တော့ မခက်တော့ပါ။

IT Social Networking - အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ

ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။

ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊ မသိသေးသည်များကို မေးမြန်းပါ။

တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ (Tutorials) နှင့် အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း၊ စုဆောင်းထားခြင်းများ ပြုလုပ်ပါ။

Having Good Moral - စေတနာကောင်းထားပါအခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို သူများကိုလည်း သိစေချင်၊ ရစေချင်သည့် စေတနာကောင်းသည် လူတိုင်းတွင် မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်းတစ်ခု ဖြစ်ပြီး၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့် ပတ်ဝန်းကျင်အတွက် အလွန်ပင် အထောက်အကူပြုလေသည်။)

Learning by Internet - အင်တာနက်မှ လေ့လာခြင်း
အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။ အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည် ရှာဖွေမည်ကို - အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင် ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင် ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။


Using Search Engines - ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း
Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင် လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီး အမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏ အသုံးချနိုင်စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို) ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက်ရှိစေရန် ကူညီပေးနိုင်သည်။

Using Search Keywords Effectively - သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း
Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။ သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု မြန်ဆန်မည် ဖြစ်သည်။


Participating at Internet Forums
အင်တာနက် စကားဝိုင်းများ (Internet Forums) မှတဆင့် အခြားသူများ ကြုံနေရသည့် အခက်အခဲများ ပြဿနာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။ မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီတောင်းနိုင်သည်။ ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။


Wikipedia - အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း
အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို ၀က်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။


Reading by RSS - RSS ဖြင့် စာဖတ်ပါကျွန်တော်တို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင် တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၄င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader (Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင် စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။

Learning at Training Schools - သင်တန်းများ တက်ခြင်းသင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic Networking တစ်ခု တက်ဖူးပါတယ်... အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။


Using OSF (Open Source Free) Softwares - အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါနိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ် နိုင်ငံခြားသားများနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ ၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ဝဲမှန်သမျှကို သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေး ထားသည်။) ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ကြိုးစားပါ။

ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ကြိုးစားသင့်ကြပါတယ်...။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့ အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ...

၁၈။မိမိကွန်ပျူတာ memory ညှစ်ပတ်နေတယ်ဆိုရင်၊memoryသန့်ရှင်းအောင်လုပ်နည်းလေးပါ၊

၁. Desktop ပေါ်မှာ Right-click နိုပ်ပြီး New-Shortcut ကိုထပ်နိုပ်ပါ၊
၂. Type the location of the itemလိုရေးထားသည့်နေရာမှာအောက်ကစာကြောင်းတွေကိုထည့်လိုက်ပါ၊
%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃.Next ထပ်နိုပ်ပါ၊

၎.Type a name for this shortcut:နေရာမှာ Clear Memory ဆိုပြီးရေးထည့်လိုက်ပါ၊

၅. Finish. ကိုနိုပ်လိုက်ပါ။ပြီးပါပြီ။။

နေမင်းခတ် ဆီမှမျှဝေပါသည်

ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 
အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 


ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..


အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..


Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..




ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..


ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် .. 

မြန်မာပြည်မှ Phone Verification လုပ်ဖို့  အခက်အခဲ ရှိသူများ ကူညီပေးပါမယ် ..  ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. kokokyaw1987@gmail.com    (+66911057052) သို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် ..  ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် .
0

ရှိပါပြီး Viber

Viber ကို PC ပေါ်မှာသုံးမယ်။


ကျနော် သူငယ်ချင်းတွေနဲ့ online မှာ စကားပြောဖြစ်တော့ သူတို့ကမေးကြတယ်။ မင်း Viber မသုံးဘူးလားလို့မေးကြတယ်။ ကျနော်ကမသုံးဘူးလို့ပြောလိုက်တယ်။ ခဏခဏ မေးလာလို့ ဒီပိုစ့်လေးကိုတင်လိုက်တာပါ။
အမှန်တော့ Viber သုံးဖို့ ကျနော့်မှာ ipad, iphone, Android Tablet,Android Phone , windows Phone တို့မရှိလို့လေ။
ဒါနဲ့ Google ကိုအကူအညီတောင်းတော့  Android SDK , You Wave Android တို့မှာတင်သုံးရင်၇တယ်ဆိုလို့ တင်ကြည့်သေးတယ်။ ကျနော်မလုပ်တတ်လို့ထင်တယ်။ သုံးလို့မရဘူးဖြစ်နေတယ်။သူငယ်ချင်းတွေ ကလိလို့ရအောင်ကျနော်တင်ပေးပါဦးမယ်။
နောက်ဆုံးတော့ bluestacks လေးနဲ့ အဆင်ပြေသွားတယ်။
Install လုပ်မယ်ဆိုရင် အရင်ဆုံး http://bluestacks.com/ ကိုသွားပြီးDownload ဆွဲပြီး install လုပ်လိုက်ပါ။
ပြီးရင်အောက်က video လေးကိုကြည့်ပြီးလုပ်လိုက်နော်။လွယ်ပါတယ်။



ခုတော့ ကျနော်သူငယ်ချင်းတွေကို ငါ့မှာလည်း viber account ရှိပြီလို့ ပြောနိုင်ပါပြီ။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။ (ဇာနည်အောင်)