Viber ကို PC ပေါ်မှာသုံးမယ်။
ကျနော် သူငယ်ချင်းတွေနဲ့ online မှာ စကားပြောဖြစ်တော့ သူတို့ကမေးကြတယ်။ မင်း Viber မသုံးဘူးလားလို့မေးကြတယ်။ ကျနော်ကမသုံးဘူးလို့ပြောလိုက်တယ်။ ခဏခဏ မေးလာလို့ ဒီပိုစ့်လေးကိုတင်လိုက်တာပါ။
အမှန်တော့ Viber သုံးဖို့ ကျနော့်မှာ ipad, iphone, Android Tablet,Android Phone , windows Phone တို့မရှိလို့လေ။
ဒါနဲ့ Google ကိုအကူအညီတောင်းတော့ Android SDK , You Wave Android တို့မှာတင်သုံးရင်၇တယ်ဆိုလို့ တင်ကြည့်သေးတယ်။ ကျနော်မလုပ်တတ်လို့ထင်တယ်။ သုံးလို့မရဘူးဖြစ်နေတယ်။သူငယ်ချင်းတွေ ကလိလို့ရအောင်ကျနော်တင်ပေးပါဦးမယ်။
နောက်ဆုံးတော့ bluestacks လေးနဲ့ အဆင်ပြေသွားတယ်။
Install လုပ်မယ်ဆိုရင် အရင်ဆုံး http://bluestacks.com/ ကိုသွားပြီးDownload ဆွဲပြီး install လုပ်လိုက်ပါ။
ပြီးရင်အောက်က video လေးကိုကြည့်ပြီးလုပ်လိုက်နော်။လွယ်ပါတယ်။
ခုတော့ ကျနော်သူငယ်ချင်းတွေကို ငါ့မှာလည်း viber account ရှိပြီလို့ ပြောနိုင်ပါပြီ။
အဆင်ပြေမှာပါ။
0 မှတ်ချက်:
Post a Comment