Share this Article on :

ဒီနည်းလေး ကတော့ ကွန်ပျူတာ ရှိတဲ့ လူတိုင်း မသိ မဖြစ်၊ မတတ် မဖြစ် သိထား တတ်ထား သင့်တဲ့ နည်းလေး တခုပါပဲ။ ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ် ထားကြ လို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြသနာ မျိုးစုံကို ခေါင်းရှုပ်ခံ စိတ် ညစ် ခံပြီး ဟိုလူ့ ဆရာတင်ရ ဒီလူ့ ဆရာတင်ရနဲ့ အလုပ်တွေ ရှုပ် ငွေကုန်ခံပြီး ဆိုင်မှာ သွားပြင်နေ ကြရ တာပါ။ ပင်ပန်းလွန်းပါတယ်။


သိတဲ့သူများ အတွက် လွယ်ပေမယ့် မသိသေးတဲ့ သူများ အတွက်တော့ ဘယ်ကနေ ဘယ်လို စပြီး လုပ်ရ မှန်းကို မသိကြ တာပါ..။

ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ ကျနော့်ရဲ့ သူငယ်ချင်း တယောက် ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ အ ဝေးကနေ လှမ်းတောင်း နေတာ ကျနော့် မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့ ပုံတွေ လုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွား ပါတယ်။ တကယ်တော့ ဒီနည်းလေး က Windows ထဲမှာ ပါပြီးသား မိမိတို့ ဖာသာ ဖန်တီးယူ ရမယ့် နည်းလေး တခုပါပဲ လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေး ထားပါတယ်။

မသိသေး၊ မလုပ်တတ် သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ။ လိုအပ်တဲ့ ပစ္စည်း ကတော့ CD အလွတ်တချပ် (CD အသစ်ကို ပြောတာပါ) ခွေကူးဖို့ CD/DVD Drive မပါတဲ့ သူများကတော့ Backup File ပဲလုပ်ပါ CD ခွေ မကူးလည်း ရပါတယ်။ ဒါပေမယ့် External DVD Drive ရှိရင် တော့ ခွေကူး ထုတ်ထားရင် ပိုကောင်း ပါတယ်။ အဲဒီအခွေက Boot တက်တဲ့ အခွေ ဖြစ်တဲ့ အတွက် ဝင်းဒိုး မှာ တစုံ တရာ Error တက် ခဲ့ရင် Windows7 တင်နည်း အတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုး ဖြစ်ခဲ့ရင် အခုခွေ ကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်း ရသေးတဲ့ Data တွေ ပျက် မသွား ပါဘူး အားလုံး ပြန်ယူလို့ ရပါတယ်။ Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်က ပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေ ပါလိမ့်မယ်။ Starting Windows ပေါ်မလာ တော့ပါဘူး..။
Image Backup File ကြတော့ လက်ရှိ ဝင်းဒိုး ထဲမှာ ရှိနေတဲ့ Install ဆွဲထည့် ထားပြီးသား ဆော့ဝဲလ်တွေ တခြား Data တွေ အားလုံး ကို (Data တွေ သိမ်းဖို့ အချိန် မမှီ ခဲ့ရင် ရုတ်တရက် လက်ရှိ သုံးနေတဲ့ ဝင်းဒိုး ပြုတ်ကျ သွားခဲ့ရင်) ပြန်ယူလို့ ပြန်သုံးလို့ မရ နိုင်တော့ ပါဘူး ဘာလို့လဲ ဆိုတော့ ဒီ Image Backup File က Local Disk(C:) တချို့စက် တွေမှာ OS(C:) လို့ ရေးပြ ထားတဲ့ လက်ရှိ ဝင်းဒိုး ရှိနေတဲ့ အပိုင်းကို အားလုံး ဆေးချပြီး ဒီ Backup File လုပ် ခဲ့တုန်းက အချိန်မှာ ရှိခဲ့တဲ့ ဆော့ဝဲလ်တွေနဲ့ ဝင်းဒိုးကို အစား ပြန်သွင်းပေးတာ ဖြစ်ပါတယ်။
Image Backup File ဆိုတာ ၎င်းကို ဖန်တီး ခဲ့တဲ့ အချိန် တုန်းက ဝင်းဒိုး ထဲမှာ ရှိခဲ့တဲ့ Windows အပါအဝင် တခြား Data တွေ
အားလုံးကို copy ကူးပြီး သိမ်းထား လိုက်တဲ့ File တခုပါ..။ အဲဒီဖိုင်ကို ဖန်တီးပြီး သိမ်းဖို့ အရင်ဆုံး Partition တခုကို မိမိတို့ စက်ထဲ ကနေ ခွဲထုတ် လိုက်ပါ။

အဲဒီ Partition က အနည်းဆုံး 30 GB ကျော် ရှိဖို့ လိုပါတယ်..။ မိမိတို့ စက်ထဲမှာ ဆော့ဝဲလ်တွေ များရင် များသလို Partition မှာ နေရာ များများ (GB များများ) ခွဲထုတ် လိုက်ပါ..။ တကယ်လို့ GB နည်းလို့ နေရာ မလောက်ရင် Backup File လုပ်လို့ မရနိုင် ပါဘူး။ ဒါလေး တခုတော့ သတိပြုပါ။

Partition ခွဲနည်း ပိုစ့်ကို ဟိုး အရင်တုန်း ကတည်းက တင်ပေး ထားပြီးသားပါ။ မလုပ်တတ် သေးတဲ့ သူများ ကတော့ အဲဒီ Partition ခွဲနည်းပိုစ့်ကို ဖတ်ပြီး Partition အပိုင်း တပိုင်း ခွဲထုတ် လိုက်ပါ။ အခု ဒီနည်းကို ဝင်းဒိုး အသစ် တင်ပြီး ခါစ Drivers တွေ စုံတဲ့ အချိန်.. စက် အသစ် ဝယ်ဝယ်ချင်း ဘာဆော့ဝဲလ်မှ Install ဆွဲ မထည့် ရသေးတဲ့ အချိန်မျိုးတွေမှာ အရင်ဆုံး Backup ဖိုင်ကို ပြု လုပ်သင့် ပါတယ်..။ ဘာလို့လဲ ဆိုတော့ ဆော့ဝဲလ်တွေ အားလုံး ထည့်ပြီးမှ Backup File လုပ်မယ် ဆိုရင် ဗိုင်းရပ်စ် တွေပါ ပါသွားနိုင် သလို Backup File ရဲ့ ဖိုင် ဆိုဒ်လည်း ပိုများ သွားမှာ ဖြစ်တဲ့ အတွက် သူ့ကို သိမ်းဖို့ Partition အပိုင်း ကလည်း GB အများကြီး နေ
ရာ ပေးရမှာ ဖြစ်ပါတယ်..။

အခုမှ ဒီပိုစ့်ကို ဖတ်မှ သိတဲ့ သူများ ကတော့ Backup File လုပ်ထား ချင်တယ် ဆိုရင် မိမိတို့ စက်လည်း ကောင်းနေ သေးတယ် ဆိုရင် လက်ရှိ စက်ကောင်းနေတဲ့ အချိန်ကို ဒီနည်းနဲ့ Backup File လုပ်ပြီး သိမ်းထားလို့ ရပါတယ်..။ ဒါပေမယ့် မိမိတို့ရဲ့ စက်ကို Disk Space
တွေနဲ့ အမှိုက်တွေ သေချာ ရှင်းလင်းပြီး ဖိုင်စီ၊ ဗိုင်းရပ်စ် တွေကို သေချာ စီစစ်ပြီး ရှင်းလင်းပြီးမှ Backup ဖိုင်လုပ်ထား Repair Disc လုပ်
ထားတာ ပိုကောင်းပါတယ်..။

စာလည်း ရှည်နေပြီ။ အောက်မှာ ပုံလေးတွေနဲ့ Image Backup File နဲ့ System Repair Disc လုပ်နည်းကို ဆက်ကြည့် လိုက်ပါဗျာ။
လုပ်ရတာ လွယ်ပါတယ်...။

အရင်ဆုံး အောက်က ပုံအတိုင် နံပါတ် 1 နေရာကနေ စပြီး နံပါတ်စဉ် တိုင်း နှိပ်သွား လိုက်ပါ။ (မှတ်ချက်။ ။Control Panel >> Backup and Restore ကနေ သွားရင်လည်း အောက်ပုံ နံပါတ် 5 ရှိတဲ့ စာသား နေရာကို ရောက်ပါတယ်..။ ဒီမှာတော့ ပုံတွေ ကြည့်ရတာ အဆင်ပြေ အောင် အောက်က ပုံအတိုင်း ပြပေးလိုက် ပါတယ်..။) 






အောက်က ပုံကတော့ Partition အသစ် ခွဲထုတ် ထားတဲ့ New Volume (F:) (48.8 GB) ရှိတဲ့ အပိုင်းထဲကို Backup File ထည့် မှာပါ..On a hard disk နေရာမှာ မိမိတို့ Backup File ထည့်မယ့် အပိုင်းကို မျှားပြ ထားတဲ့ အတိုင်း သွားရွေးပေး လိုက်ပါ။ ဒီပုံ မှာ တော့ ကျနော် က New Volume (F:) ထဲမှာ ထည့်မှာ ဖြစ်တဲ့ အတွက် အဲဒီ အပိုင်းကို ရွေးပေး လိုက်ပါတယ်..။ ရွေးပြီးရင် Next ကိုနှိပ်ပါ။




အောက်က နောက်တပုံ မှာတော့ မိမိတို့ ဝင်းဒိုးရှိတဲ့ အပိုင်း တွေကို အမှန်ခြစ် လေးတွေနဲ့ ပြပေး ပါလိမ့်မယ်။ ကျနော့် စက်မှာတော့ ဝင်းဒိုး ၂ ခု တင်ထားလို့ အမှန်ခြစ် ၂ ခု ပေါ်နေတာပါ။ ဝင်းဒိုး မရှိတဲ့ တခြား အပိုင်းတွေကို အမှန် မခြစ်မိဖို့ သတိပြုပါ။ တချို့စက် တွေမှာ ဝင်းဒိုး တစ်ခု ပဲရှိပြီး အမှန်ခြစ် ၂ ခုပေါ် တတ်ပါတယ်။ တစ်ခုက ဝင်းဒိုး အပိုင်းဖြစ်ပြီး နောက် တခုက 100 MB လောက်ပဲ ရှိတဲ့ System Reserve အပိုင်းပါ သူပေး ထားတဲ့ အမှန်ခြစ် တွေက ကျနော်တို့ ဖြုတ်လို့ မရပါဘူး.. သတိထား ရမှာက နောက်ထပ် အမှန်ခြစ် အပိုတွေ ထပ် မထည့် မိဖို့ပါပဲ။ ပြီးရင်တော့ Next ကိုဆက်နှိပ်ပါ..။ 






ဒီအောက်က ပုံလေးတွေ ကတော့ ကွန်ပျူတာ အလုပ် လုပ်နေတာ ဖြစ်ပါတယ်။ ဒီ အဆင့်မှာ ကျနော်တို့ ဘာမှ မလုပ်ပဲ ကွန်ပျူတာ ကို ဘာ အလုပ်မှ ထပ်မခိုင်းပဲ ထိုင်စောင့် နေလိုက်ပါ..။ မိနစ်၂၀ မှ ၃၀ ကျော် လောက် အထိ ကြာတတ် ပါတယ်။

အောက်က ABCD ပုံလေးတွေ ကတော့ အလုပ် လုပ်နေတဲ့ အချိန်မှာ စာသားတွေ အပြောင်း အလဲ ဖြစ်သွား တာကို သိရ အောင် လို့ ပြပေး လိုက်ပါတယ်...။



အပေါ်က ပုံ အတိုင်း ပေါ်လာရင် Backup File လုပ်ပြီး သွားပါပြီ။ ဒီနေရာမှာ ပေါ်လာတဲ့ ဘောက်စ် လေး ကတော့ System repair disk လုပ် မလားလို့ မေးတာပါ။ လုပ်မယ် ဆိုရင် Yes ကို ကလစ် လိုက်ပါ။ အဲဒါ ဆိုရင် အောက်မှာ အခွေ ထည့်ဖို့ တောင်းတဲ့ ဘောက်စ်
လေး ပေါ်လာ ပါလိမ့်မယ်။ CD ဖြစ်ဖြစ်၊ DVD ဖြစ်ဖြစ် မိမိတို့ အဆင်ပြေမယ့် အခွေလွတ်ကို ထည့်ပေးလိုက်ပါ။ အခွေထည့်ပြီး ခဏ စောင့် လို့မှ သူ့ အလိုလို အလုပ် မလုပ်ဘူး အခွေ မကူးပေး ဘူးဆိုရင် Create disc စာသား နေရာကို တချက် ကလစ်ပေး လိုက်ပါ။ အဲဒါ ဆိုရင် သူ အလုပ် လုပ်ပါပြီ။




အပေါ်က ပုံလေး အတိုင်း Complete စာသား ပေါ်လာ ရင်တော့ OK ပေးလိုက်လို့ ရပါပြီ။ ဒါဆိုရင် System Repair Disc လည်း ရရှိ ပါပြီ။ ပြီးရင်တော့ My Computer မှာ ၂ ချက်တောက်ပြီး ဖွင့်ကြည့် လိုက်ရင် အောက်က ပုံလိုမျိုး Backup File ကို မိမိတို့ ထည့် သိမ်း 
လိုက်တဲ့ Partition ထဲမှာ ရောက်နေ တာကို တွေ့ရ ပါပြီ။


အဲဒီ Partition ကို ဖွင့်လိုက် ရင်တော့ အထဲမှာ Windows Image Backup ဆိုတဲ့ ဖိုင်တခုပဲ တွေ့ရ မှာပါ။ အဲဒီ ဖိုင်ကို လုံးဝ မဖွင့် ပါနဲ့ ဖွင့်မိလို့ အထဲက Data တွေ ပျက်သွား ခဲ့ရင်တော့ Windows ကို Repair လုပ်လို့ မရနိုင် တော့ပါဘူး.. Windows Image Backup ဖိုင်
ကို ၂ ချက် တောက်ဖွင့် လိုက်ရင် အောက်က ပုံလိုမျိုး Continue နှိပ်ရမယ့် ဘောက်စ် လေး ပေါ်လာပါ လိမ့်မယ်။ ဆက်မဖွင့်ပါနဲ့ Cancel
နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

Windows System က Backup ဖိုင်ကို လုပ် ကတည်းက တခါတည်း ဗိုင်းရပ်စ် ကင်းအောင် ချုပ်ပေး ထားလို့ အဲဒီဖိုင်ကို ဖွင့်မယ် လုပ်တိုင်း Continue ဘောက်စ်လေးနဲ့ မေးပါတယ်..။ တစုံတရာ ပျက်စီး သွားခဲ့ရင် ကိုယ့် အပစ်နဲ့ ကိုယ်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ.. ဒါကြောင့် Backup ဖိုင်ကို လုံးဝမဖွင့်ပါနဲ့...။

နောက် တင်မယ့် ပိုစ့်မှာ ဒီ Backup ဖိုင်ကို ဘယ်လို ပြန်ပြီး Restore လုပ်ရမယ် ကွန်ပျူတာ ထဲ ဘယ်လို ပြန်သွင်း ရမယ်ဆိုတာ ရေးပေး သွားပါ့မယ်။ အခုတော့ ဒီ Backup ဖိုင်လုပ်နည်း ပိုစ့် ပြီးဆုံးသွားပါပြီ။

ဒီလောက် ဆိုရင် အားလုံးပဲ ဒီနည်းလေးကို လုပ်တတ် လောက်ပါပြီနော်။
 အားလုံးပဲ လုပ်တတ် ကိုင်တတ်၍ အဆင်ပြေ ကြပါစေ...။

Credit to lwinminbo.blogspot.com 


Artikel Terkait:

0 မှတ်ချက်:

Post a Comment