သဗ္ဗဇယမင်္ဂလာဂါထာတော် ဖြင့် မေတ္တာပို့ခြင်း
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္တိ တုမှာကံ ဟောန္တု သဗ္ဗဒါ။
အာဒိစ္စော - ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းလင်းပ၀င်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌၊ တပတိ - လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။ စန္ဒိမာ - စန်းငွေယုန်ခ သော်တာလသည်၊ ရတ္တိံ - ညဥ့်အခါ၌၊ အာဘာတိ - နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။ သန္နဒ္ဓေါ - ချပ်ဝတ်တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော၊ ခတ္တိယော - လူတို့သနင်း ပြည့်ရှင်မင်းသည်၊ တပတိ - ကြီးမြင့်ခံ့ထယ် တင့်တယ်ပါပေ၏။ ဈာယီ - ဘက်စုံကောင်းမြတ် သမာပတ်ကို မပြတ်ထင်ရှား ၀င်စားလျက်ရှိသော၊ ဗြဟ္မဏော - ကိလေသာကို ပယ်သတ်ပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည်၊ တပတိ - ဈန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။ အထ - ထိုမှကြူး၍ ထူးသည်မှာကား၊ ဗုဒ္ဓေါ - သစ္စာလေးဆင့် ခိုင်လုံရင့်ကာ ပွင့်လာခေါင်ဖျား အောင်တော်မူ မြတ်စွာ ဘုရားသည်၊ သဗ္ဗမဟောရတ္တိံ - နေ့ရောညဥ့်ပါ အခါကာလပတ်လုံး၊ တေဇသာ ကြီးကဲစိုးရ တန်ခိုးတော် အနန္တဖြင့်၊ တပတိ - အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မူပါ ပေသတည်း။
ဧတေန သစ္စ၀ဇ္ဇေန - ဤသို့ ဖော်ထုတ်မှန်သော သစ္စာစကားကြောင့်၊ တုမှာကံ - အသင်တို့အား၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ သောတ္တိ - ချမ်းသာခြင်းသည်၊ ဟောန္တု - ဖြစ်ပါစေသတည်း။
စိန္တာမဏိ ဂါထာတော်
စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ
ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မရတနာနံ
ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ
ကရံ ကရတိ ၊ သရဏံ ခိပ္ပမေ၀ သမိဇ္ဈတု။
၀၁။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဗုဒ္ဓံ - ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ - ဘုရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။
၀၂။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဓမ္မံ - တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ - တရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။
၀၃။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ သံဃံ - သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ - သံဃာတည်းဟူသော ရတနာ တို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို၊ ကရံကရောန္တော - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ ဣစ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။
ဤ
စိန္တာမဏိ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိသူသည် သူတစ်ပါး၏
အကြံအစည်ကိုကြိုတင် သိ ရှိနိုင်သည်။ ဤဂါထာသည် ၅၅၀ နိပါတ်၊ ပဒကုသလဇာတ်တွင်
ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သော ဂါထာဖြစ်သည်။
ထိုဇာတ်တော်တွင်
စိန္တာမဏိ ဂါထာတော် ကို ရသည့် အချိန်မှစ၍ ပဒကုသလ လုလင်သည် ခြေရာ ကောက်
အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း၊ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်
ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်းမင်းမြတ်၏ န၀ရတ်လက်စွပ်တော်ကို
ကြွက်တွင်းမှ ပြန်လည် ထုတ်ယူပေးနိုင်ခဲ့ကြောင်း၊ သန်လျက်
ပျောက်ဆုံးမှုတို့ကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့်
စည်းစိမ်ခံစားခဲ့ရကြောင်း စသည့် စိန္တာမဏိ ဂါထာတော်၏ တန်ခိုးအစွမ်း
သတ္တိများကို ဖွင့်ဆိုဖော်ပြ ထားလေသည်။
အဠာ န မေတံ ဘိက္ခဝေ အန၀ကာသော
ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ
အနုပက္ကမေန ဘိက္ခဝေ ထတာဂတာ ပရိနိဗ္ဗာယန္တိ
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
ရဟန်းတို့ သူတစ်ပါးတို့၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိနြေ္ဒမှ ချခြင်းမည်သည် မဖြစ်နိုင်၊
ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ်အတိုင်း နေ၍ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန် စံဝင်ကြကုန်၏။
ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်သည် အမြဲတမ်းကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ။
ယေ စ ဗုဒ္ဓါ အတီတာ စ
ယေ စ ဗုဒ္ဓါ အနာဂတာ
ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ
အဟံ ၀န္ဒာမိ သဗ္ဗဒါ
- ပွင့်တော်မူပြီးသော ဘုရားရှင် အားလုံးတို့အားလည်းကောင်း၊
- ပွင့်တော်မူလတ္တံ့ သော ဘုရားရှင် အားလုံးတို့အားလည်းကောင်း၊
- ပွင့်တော်မူဆဲသော ဘုရားရှင်တို့အားလည်ကောင်း၊
တပည့်တော်သည် အခါခပ်သိမ်း ရှိခိုးပါ၏။
နမော တေ ပုရိဿဇည
နမော တေ ပုရိသုတ္တမ
နမော တေ တိ ဏ္ဏသံဿရ
နမော တေ အမတံ ဒဒ။
အာဇာနည်ယောင်္ကျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။
မြင့်မြတ်သော ယောင်္ကျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။
သံသရာမှ ကူးမြောက်ပြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။
မသေရာ နိဗ္ဗာန်ကို ပေးတော်မူတတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏။
အောင်ဆုပန် ဇယစက္က ဂါထာတော်
ဇယစက္ကော ဇယန္တော ယော
ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ
ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားသခင်ကိုယ်တော်မြတ်ကြီး သည်
ဇယာသနေ အောင်သိဒ်ဓိဆင်မြန်းသည့် မလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း
ဇယိတဗ္ဗေ အောင်အပ်သည့်တရား မာရ်ငါးပါးအပေါင်းတို့ကို
ဇယန္တော အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ် ကင်း အောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား
ဇယာပေသိ ကိုယ်တော်မြတ်နှင့် အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွက်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ် တော်မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွက်ခေါင်မြတ်သရဖူ သယမ္ဘု မကိုဋ်ထီး အောင်ပွဲဝင် ပုဂ္ဂို လ်ကြီး ဖြစ်ပေထသော
သော ဇယစက္ကော အလုံးစုံအောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
မေ မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား
ဇယံ အောင်ခြင်းကို ၀ါ အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်နိဗ္ဗူပန်းခိုင်ကြီးကို
ဒေတု ပေးသနားတော်မူပါ အရှင်ဘုရား
ဓာရဏပရိတ်သုတ်ပါဠိ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။
၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ
ဥာဏာနုပရိဝတ္တံ၊ သဗ္ဗွံ ၀စီကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ၊ သဗ္ဗွံ
မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဥာဏာနုပရိဝတ္တံ။
၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ
ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊
နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊
အောက်တွင်ဆက်ဖက်ရှုနိုင်ပါသည်....
(ဇာနည်အောင်)