ကျနော်တို့
 ကွန်ပျူတာကို အသုံးပြုလာတာ ကြာလာတာနဲ့ အမျှ ကွန်ပျူတာထဲမှာရှိတဲ့ 
ဖိုင်တွေဟာ ဖရိုဖရဲနဲ့ ဟိုရောက်ဒီရောက်ဖြစ်နေပါတယ်..။ အဲဒီလိုဖြစ်နေတဲ့ 
ဖိုင်တွေကို ကျနော်တို့ ဖွင့်တဲ့အခါမှာ ကွန်ပျူတာဟာ 
လိုက်ရှာပေးနေရတာဖြစ်တဲ့အတွက် အလွယ်တကူ ရှာမတွေတဲ့အခါ အချိန်ကြာစေပါတယ်..။ 
စက်ကိုလေးစေပါတယ်..။ အခုဒီနည်းလေးက အဲလိုဖြစ်နေတဲ့ဖိုင်တွေကို စနစ်တကျနဲ့ 
ပြန်စီပေးပါလိမ့်မယ်..။ နောက်ပြီး Error တွေနဲ့ Bad Sector တွေကိုလည်း 
ပြန်လည်ကောင်းမွန်စေမှာ ဖြစ်တဲ့အတွက် ဖိုင်စီပြီးသွားတဲ့ အခါ မိမိတို့ရဲ့ 
ကွန်ပျူတာဟာ အရင်ကထက် ပိုမိုမြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်..။ 
ဒီနည်းလေးကို
 တပါတ်တစ်ခါလောက်တော့ ပုံမှန်လုပ်ပေးသင့်ပါတယ်..။ ဒီနည်းကို မလုပ်ခင် 
အရင်ဆုံး မိမိတို့ရဲ့ ကွန်ပျူတာထဲမှာရှိနေတဲ့ မလိုတဲ့အမှိုက်တွေကို 
ရှင်းပေးလိုက်ပါ..။ အမှိုက်ရှင်းနည်းများ ဒီပို့စ် နဲ့ ဒီပို့စ် တွေမှာ တင်ထားပေးပြီးပါပြီ..။ ပြီးရင်တော့ ဒီအောက်ကနည်းလေးအတိုင်း လိုက်လုပ်ပေးလိုက်ပါ..
restart ချပြီး စက်ပြန်ပွင့်လာရင် 
ဒီအောက်ကပုံလေးတွေအတိုင်း မြင်ရမှာဖြစ်ပါတယ်..။ ဘာခလုတ်မှ မနှိပ်လိုက်ပါနဲ့
 ဒီတိုင်း ထားပေးလိုက်ပါ.. 1% ကနေ 100% ပြည့်သွားတဲ့အခါ သူ့အလိုလို 
Starting Windows ပေါ်လာပါလိမ့်မယ်...။
ဒီနေရာမှာ
 တခုပြောချင်တာက မိမိတို့ရဲ့ ဝင်းဒိုးရှိနေတဲ့ Local Disk (C:) ဟာ ဂစ် ၅၀၊ 
၆၀ လောက်ပဲဆိုရင်တော့ ဖိုင်စီတဲ့အချိန်ဟာ မိနစ်၂၀ လောက်ပဲကြာမှာပါ..။ 
တကယ်လို့ Local Disk (C:) ဟာ ဂစ် ၃၀၀ ကျော်ရှိနေတယ်ဆိုရင်တော့ 
တစ်နာရီခွဲလောက်ကြာတတ်ပါတယ်..။ ဒါကြောင့် ဟတ်ဒစ်မှာ Local Disk (C:) 
ရှိတဲ့အပိုင်းကို ဂစ် ၆၀ လောက်ပိုင်းထားပေးလိုက်ရင် ဖိုင်စီတဲ့ 
ကြာချိန်နည်းသွားပါလိမ့်မယ်..။ 
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..(ကိုလွင်မင်းဗိုလ်) မှ ကူးယူဖေါ်ပြပါသည်








 
 
 
 
 
0 မှတ်ချက်:
Post a Comment