လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။
ဒီပိုစ့်မှာတော့ ကျနော် 276 MB ရှိတဲ့ Photoshop CS6 ဖိုင်ကို WinRAR နဲ့ 
ဖိုင်ခွဲပြထားပါတယ်..။ ကျနော်တို့ ရေးပေးချင်တဲ့ စာတွေကို Notepad နဲ့ 
ရေးပေးပြီး ဖိုင်တခုထဲကို စုပေါင်းထည့်လိုက်ပါတယ်..။ ပြီးမှ ဖိုင်အပြင်ကနေ 
WinRAR နဲ့ ဖိုင်ခွဲချလိုက်တာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။ 
WinRAR နဲ့ စပြီး ဖိုင်ချုပ်တဲ့ အချိန်မှာ မိမိတို့ ခွဲထုတ်ချင်တဲ့ 
ဖိုင်ဆိုဒ် MB ကို အောက်ကအဆင့်မှာ ရွေးပေးရမှာပါ..။ မျှားပြထားတဲ့ နေရာမှာ 
100 MB / 700 MB စသဖြင့် အရင်ယူလိုက်ပါတယ်..။ ပြီးမှ မိမိတို့ 
ခွဲထုတ်ချင်တဲ့ ဖိုင်ဆိုဒ်ကို ပြန်ရေးထည့်လိုက်ပါ..။ အောက်ကပုံမှာ 
ကျနော်ယူထားတဲ့ 100 MB ကနေ 50 MB လို့ ပြန်ပြောင်းရေးထည့်လိုက်ပါတယ်..။
ကျနော် 50 MB စီရှိတဲ့ အပိုင်းတွေ ခွဲထုတ်မှာပါ..။ အပေါ်ပုံအတိုင်း 50 MB 
ပြီးရင် OK နှိပ်ပေးလိုက်ပါတယ်..။ အောက်ကပုံကတော့ စပြီး 
ဖိုင်တွေခွဲထုတ်ပေးနေပါပြီ..။ 
 အပေါ်ပုံအတိုင်း 50 MB စီရှိတဲ့ အပိုင်း ၆-ပိုင်း ထွက်လာပါတယ်..။ 
နောက်ဆုံးအပိုင်းကတော့ ပိုသလောက်ကိုပဲ ခွဲပေးတာပါ..။ ဒါကြောင့် 
အောက်ကပုံအတိုင်း မြင်ရမှာပါ..။ 
ဖိုင်တွေ ပြန်ပေါင်းရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း part1 ကနေ ဖြည်ချလိုက်ရင် ရသွားပါပြီ..။  
 ဒါဆိုရင်တော့ အားလုံးပဲ WinRAR နဲ့ ဖိုင်တွေခွဲပြီး ဖိုင်တွေ 
ပြန်ပေါင်းတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။ (
http://lwinminbo.blogspot.com/)
  Zarni
