0

Android ဖုန်းတွင်မြန်မာစာ ထည့်ကြမယ်






မိမိတို့ Android ဖုန်း/tablet မှာ မြန်မာစာစနစ်ရဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် အချက်ကတော့သုံးချက်ရှိပါတယ်။
(၁)Android ဖုန်း/Tablet ကို root ထားရပါမယ်။ (ယေဘုယျအားဖြင့်)
(၂)Android ဖုန်း/Tablet ထဲမှာ မြန်မာလိုရေးထားတဲ့စာသားမှန်သမျှကို မြန်မာလိုပေါ်ဖို့အတွက် မြန်မာ font ထည့်သွင်းထားရပါမယ်။
(၃)Android ဖုန်း/Tablet ထဲမှာ မြန်မာလို ရိုက်လို့ရဖို့အတွက် Android OS အတွက်ထုတ်ဝေထားတဲ့ မြန်မာစာကီးဘုတ်စနစ်ကို ထည့်သွင်းရပါမယ်။

ဒီသုံးချက်ပြည့်စုံမှသာ မိမိတို့ရဲ့ Android ဖုန်း/Tablet မှာ မြန်မာစာစနစ် ကိုအပြည့်အစုံ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


နံပါတ်(၁)အချက်အနေနဲ့ ဖုန်းကို Root လုပ်တာကို စတင်ပြောပါမယ်။ Android ဖုန်း/Tablet ကို root လုပ်နည်းကို အောက်က link မှာဖတ်ရှုပါ။
Android ဖုန်း tablet များအား root လုပ်နည်း( မိမိတို့ ဖုန်း/tablet နဲ့ကိုက်ညီမယ့် root လုပ်နည်းကိုရွေးချယ်ပြုလုပ်ပါ)

နံပါတ်(၂)အချက်အနေနဲ့ Android ဖုန်း/ tablet ထဲကို မြန်မာ font ထည့်သွင်းပါမယ်။ ဒီအဆင့်ကို ပြုလုပ်ဖို့အတွက် ဖုန်း/tablet ဟာ root လုပ်ပြီးဖြစ်ရပါမယ်။
အရင်ဆုံး လိုအပ်တဲ့ tools တွေကိုရယူလိုက်ပါ။
Myanmar Font tools အားရယူရန်
download လုပ်လို့ရတဲ့ ဖိုင်လေးကို zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ။ DroidSnasFallback.ttf ကို ဖုန်းရဲ့ SD card ထဲမှာ
copy ကူးထည့်ထားပါ။ Root Explorer ကိုတော့ ဖုန်း/Tablet ထဲမှာ install လုပ်ပါ။ install မလုပ်တတ်ရင် Android application တွေကို ဖုန်း/ Tablet ထဲသို့ install လုပ်နည်းကိုအောက်က link မှာဖတ်ရှုပါ။
Android application သွင်းနည်း
Root Explorer ထဲကိုဝင်လိုက်ပါ။ ပြီးရင် sdcard ထဲကိုဝင်ပါ ။ အောက်ပုံအတိုင်းပါ။

ပြီးရင် ခုနတုန်းက sdcard ထဲကိုထည့်ထားတဲ့ DroidSnasFallback.ttf ဖိုင်ရှိတဲ့နေရာကိုသွားပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင်အဲဒီ DroidSnasFallback.ttf ကို သုံးစက္ကန့်ခန့်နှိပ်ထားပါ။ ပြီးရင် Copy ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

Paste နဲ့ Cancel ဆိုပြီး ခလုတ်နှစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီနှစ်ခုကို မနှိပ်ပါနဲ့ဦး။ အောက်ပုံအတိုင်းပါ။

ပြီးရင် ခုနတုန်းက sdcard ရဲ့အပြင်ဘက်ကိုရောက်တဲ့အထိ ပြန်ထွက်ပါ။ ခုနကခလုတ်နှစ်ခုကို မနှိပ်မိပါစေနဲ့။ sdcard ရဲ့ အပြင်ဘက်ထိထွက်ပြီးပြီဆိုရင် system ထဲကိုဝင်ပါ။
အောက်ပုံအတိုင်းပါ။

ပြီးရင် fonts ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

font folder ထဲရောက်ပြီဆိုရင် အောက်မှာပြထားတဲ့ပုံအတိုင်း ထိပ်ဆုံးက ခလုတ်လေးဟာ Mount R/W ဖြစ်နေတယ်ဆိုရင် အဲဒီ Mount R/W ကိုနှိပ်ပြီး Mount R/0 ပြောင်းပါ။
(အဲဒီလိုပြောင်းဖို့က root လုပ်ထားမှသာ ပြောင်းလို့ရမှာပါ)။ အောက်ပုံအတိုင်းပါ။

အောက်ကပုံလေးကတော့ Mount R/0 ကိုပြောင်းပြီးသွားတဲ့ပုံလေးပါ။

စောစောတုန်းက မသုံးခဲ့တဲ့ Paste ခလုတ်လေးကို အခုမှသုံးရပါမယ်။ Paste ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

DroidSansFallback.ttf ဖိုင်ဟာရှိပြီးသားဆိုပြီး Warning ပေးပါလိမ့်မယ်။ Yes သာလုပ်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ မြန်မာလိုပေါ်အောင် အမည်ပြောင်းထားတဲ့ ဖိုင်နဲ့အစားထိုးမှာမို့လို့ပါ။
အောက်ပုံအတိုင်းပါ။

ထည့်ပြီးသွားပြီဆိုရင်တော့ အဲဒီ DroidSansFallback.ttf ဖိုင်ကို သုံးစက္ကန့်လောက်ဖိထားပါ။ ပြီးရင် Permissions ထဲကိုဝင်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် အောက်ကပုံအတိုင်း Permission ပေးလိုက်ပါ။ ပြီးရင် Ok နှိပ်ပါ။

ဒါဆိုရင် အခုအချိန်ကစပြီး မြန်မာစာနဲ့ရေးထားတဲ့ဖိုင်တွေကို လေးထောင့်တုံးပုံစံတွေမပေါ်တော့ဘဲ ဖုန်းထဲမှာ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။



အခုမြန်မာလိုတော့ မြင်ရပါပြီ ။ ဒါပေမယ့်မြန်မာစာတော့ရိုက်လို့မရသေးပါဘူး ။ ဒီတော့ မိမိရဲ့ Android ဖုန်း/ tablet ထဲမှာ မြန်မာစာ ရိုက်လို့ရအောင် မြန်မာကီးဘုတ်ထည့်ရပါမယ်။
နံပါတ်(၃)အချက်ကိုဆက်လက်လုပ်ဆောင်ကြရအောင်။ အရင်ဆုံး Android ဖုန်း/tablet တွေအတွက် အဆင်အပြေဆုံးနဲ့မြန်မြန်ဆန်ဆန်ရိုက်နိုင်မယ့် မြန်မာစာကီးဘုတ်ကိုအောက်မှာရယူလိုက်ပါ။ မြန်မာကီးဘုတ်အားရယူရန်
ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့ မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။ အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါလိမ့်မယ်။
“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။
Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။
ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။
“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။
မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကိုဝင်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။
ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက် Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။
အောက်ပါပုံအတိုင်းပါ။
အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ
အင်္ဂလိပ် keyboard ကို ပြန်ပြန်ခေါ်ရပါတယ်။ အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်းလင်းပါမယ်။ “မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာ
ကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်နဲ့အတူတူပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။ တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့ z ( တစ်နည်းအားဖြင့် shift + ဖ ) ကိုနှိပ်ရပါတယ်။
အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။ ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပါ။
အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။ ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။
ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။
ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကားစုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။ Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။ အောက်ပါပုံအတိုင်းပါ။
Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။ အခုဆိုရင် မိမိရဲ့ Android ဖုန်း/Tablet မှာ မြန်မာစာစနစ် ပြည့်စုံစွာအသုံးပြုနိုင်ပြီဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
အကိုကြီးတစ်ယောက်ဆီကယူလာခဲ့တာပါ

ဆော့ဖ်ဝဲမပါပဲ Folder ကို Lock ချနည်း။



၁. အရင်ဆုံး Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့တည်ဆောက်လိုက်ပါ။
၂. အောက်မှာပေးထားတဲ့ Code တွေကို Copy လုပ်ပါ။
၃. Notepad ပွင့်ပြီး Code များကို Paste ထည့်ပါ။
၎. Copy ကူးထည့်လိုက်တဲ့ Code များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ Password Here ဆိုတဲ့နေရာလေးမှာ
Password Here ကိုဖျက်ပြီးမိမိထည့်ချင်သော စကားဝှက် ကို ထည့်လိုက်ပါ။
၅. File မှ Save As နဲ့မိမိတည်ဆောက်ထားသော Folder ထဲမှာသိမ်းပါ။ File name မှာ locker.bat နဲ့သိမ်းပေးပါ။
၆. မိမိတည်ဆောက်ထားသော Folder ထဲတွင် locker ဆိုတဲ့ File တစ်ခုတွေ့ပါလိမ့်မယ်။
ထို File ပေါ်တွင်ကလစ်နှစ်ချက်နှိပ်ပါ။ Private ဆိုတဲ့နာမည်နဲ့ Folder တစ်ခုထွက်လာပါလိမ့်မည်။
၇. ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့
ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား
0

ကားကောင်းလေးတွေကြည့်ကြပါစို့ 

့အင်္ဂလိပ် ၀ိဥာဉ် ကားမျာကို ဒီမှာကြည့်->->->->(ကြည့်ရန် နှိပ်ပါ)

အင်္ဂလိပ် ဟာသကားများကို ဒီမှာကြည့် ->->->->->(ကြည့်ရန်နှိပ်ပါ)

ထူးထူးဆန်းဆန်း ကားများကို ဒီမှာကြည့်->->->->->(ကြည့်ရန်နှိပ်ပါ)

ရိုးရိုးကားများ ကိုကြည့်ချင်ရင်တော့->->->->->->->(ကြည့်ရန်နှိပ်ပါ)

skype မှာမြန်မာလို chat နည်း

skype မှာမြန်မာလို chat နည်း
 အရင်ဗားရှင်းတွေက ညီ စမ်းပြီးပြီဗျမြန်မာစာအဆင်မပြေပါဘူးversion 3 ၀န်းကျင်ပေါ့
version အမြင့် ကိုဒေါင်းပြီး စမ်းကြည့် နိုင်ပါတယ်..
Tools အောက်က Options.. ကိုနိုပ်လိုက်ပါ၊ ပြီးရင် IM & SMS Tab ကိုနိုပ်ပါ-
IM appearance - Change font - zawgyi one ကိုရွေးပါ - Ok နိုပ်ပါ
save နိုပ်ပြီးထွက်ပါ။ပုံမှာပြထားတဲ့အတိုင်းအဆင့်ဆင့်လုပ်ပေးလိုက်ပါအဆင်ပြေသွားပါလိမ့်မယ်




 



 ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း







Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…

Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..

Worm

Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)

Spyware

သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်... 

Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

Android App apk to apk

1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
2) Software & Game တွေ ဒေါင်းချင်ရင် 1MobileMarket.apk
3) ဆော့ဝဲလ်တွေ ဖျက်ချင်ရင် Advanced_Task_Killer_1.9.3.apk
4) Viber လို သုံးချင်ရင် aire-android.apk
5) Explorer သုံးချင်ရင် AndExplorer.apk  
6) ဖုန်းအင်တာနက် အပိတ်အဖွင့်လုပ်ချင်ရင် APN Switch(3g ON-OFF).apk 
7) အမှိုက်တွေ ရှင်းချင်ရင် App Cache Cleaner.apk
8) ဆော့ဝဲလ်တွေ ပြန်ဖျက်ချင်ရင် AppRemover_1.3.3.apk
9) အသံနဲ့ ပတ်သက်ရင် AudioManager_2.1.6.apk
10) ဘထ္ထရီ အသုံးပြုမှု BatteryIndicatorPro.v3.0.0.apk
11) ဖုန်းဆက်တဲ့အသံတွေကို ဖမ်းချင်ရင် callrecorder pro.apk
12) အနှောင့်အယှက်ဖုန်းတွေကို မကြားချင်ရင်  Calls Blacklist PRO v1.05.apk
13) Social နဲ့ ပတ်သက်ရင် facebookimo TangoViberSkype

 
14) မြန်မာစာကီးဘုတ် FrozenKeyboard ၊  mmFontChangerLite
15) ဖုန်းဆက်/ခေါ်လာခဲ့တဲ့အခါ မြင်ကွင်းအပြည့်ပေါ် Full Screen Call ID-v8.2.1.apk
16) သတင်းတွေ မြေပုံတွေ GOthere-Myanmar-Beta5.apk
17) ကင်မရာ ရိုက်ချင်ရင် HDR Camera +.apk
18) လော့ချရင် ရေပုံစံ Liquid Face v2.4.0.apk
19) မြန်မာအဘိဓာန်  MyandroidDict.apk
20) အင်တာနက်ကြည့်ချင်ရင်  mozilla.firefox
21) Photoshop ဆိုရင် Photoshop.com Mobile (1.0.0).apk
22) သီချင်းနားထောင်ချင်ရင် RealPlayer_0.0.0.61_4102768.apk
23) Ring Tone တွေ လုပ်ချင်ရင် ringdroid_v2_1.apk
24) မြန်မာ-အင်္ဂလိပ် အဘိဓာန် shwebook_v2.0.apk
25) Root ချချင်ရင် z4root.1.3.0.apk  
    

Maps WithMe Pro Version လေးပါ

Android internet app

http://lh5.ggpht.com/-gApUqlw2oIs/UCtMrrSXVJI/AAAAAAAANxQ/FqDRvffjoU8/Maps-With-Me-Pro-v2.1.2_thumb4.png
ဒါလေးကတော့ offline GPS သုံးချင်တဲ့ သူတွေ အတွက် ပါ
အရင်ဆုံးဒီဆော့ ၀ဲလေးကိုအောက်မှာဒေါင်းလိုက်ပါ နောက်ပြီး ရင်
ကို ကြိုက်တဲ့ နိုင်ငံအလို့ Data တွေ ကို ထပ်ပြီးတော့ ဒေါင်းလိုက် ပါ
ပြီး ရင် offline GPS အနေ နဲ့ သုံးလို့ ရပါ ပြီ လိုအပ်မယ်ဆို ရင် အောက်မှာ ဒေါင်းလိုက် ပါ
ကျေးဇူး ရှင်ဆီကကူးလာတာပါ
http://t2.gstatic.com/images?q=tbn:ANd9GcTXJVPgHFJFr0d62dmP5wxlklEE_21o-sxhcceht-HTs9KvHf4Giov36g

ဒိဌိ သုံးမျိုးနှင့် ၀ိစိကိစ္ဆာ သဘော အကျဉ်းချုပ် အထူးမှတ်ဖွယ်


#  အရှိထင်ရှား။ ခန္ဓာငါးပါး။ရုပ်နာမ် တရားကို " သက္ကာယ " လို့ ခေါ်ပါတယ်။

# သက္ကာယ ကို  ငါပဲ သူပဲ  ယောက်ျား မိန်းမ ကလေး လူကြီး လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တ၀ါ
    အသက်  လိပ်ပြာ အတ္တအကောင်  ပဲလို့  အယူလွဲ နဲ့ စွဲခြင်းကို "  သက္ကာယ ဒိဌိ "  လို့  ခေါ်တယ်။

# တစ်ဘ၀ မှ တစ်ဘ၀ ကူုးပြောင်းလိုက်တယ်။ခိုင်တယ် မြဲတယ်။ မပျက် မစီး။ အကြိတ် အခဲ
   အမြဲတည်တံဖို့  အယူလွဲနဲ့  စွဲခြင်းကို  " သဿတ  ဒိဌိ "လို့ ခေါ်ပါတယ်။

#  အကြောင်းလည်း မရှိ။ အကျိုးလည်း မရှိ။ အကြောင်းအကျိုးလည်း မရှိ။ နောက်ဘ၀ လည်းမရှိ။
    သေလျှင်ပြတ်တယ်လို့   အယူလွဲနှင့်စွဲယူခြင်း ကို " ဥစ္ဆေဒ ဒိဌိ  "လို့  ခေါ်ပါတယ်။

#  စိတ်နှစ်ခွ ဒွိဟ ဖြစ်။ သံသယ မကင်း တွေးတောခြင်းကို" ၀ိစိကိစ္ဆာ "  လို့ ခေါ်ပါတယ်။
*****တတိယမြောက်သမီးတော်*****