0

ယပင့်ကပ်နေတဲ့ ပြသနာ

အင်တာနက် စာမျက်နှာတွေ မှာ ... ယပင့် တွေ ကပ်နေတဲ့ ပြသနာကို အောက်က Font လေးနဲ့  အဆင်ပြေအောင် ညှိလိုက်ရအောင် .....
အောက်ကစာလုံးအနီလေးကို နှိပ်ပြီး ဒေါင်းလိုက်ပါ

0

Pro utorrent

Utorrent por လေး ဒေါင်းထားကြပါဦး ....
အောက်က   ပုံလေးကို နှိပ်ပြီးဒေါင်းလိုက်ပါ

0

KKD win ဗာရှင်း 7.


Computer   ဝင်ထိုးတင်သည်ဖြစ်ဖြစ်  ဝင်ထိုး copy ရိုက်သည်ဖြစ် ..HDD များပျက်လို့  ပြင်ချင်သည်ဖြစ်ဖြစ်
မှားဖျက်မိသော file များ ပျက်သည်ဖြစ်ဖြစ်  ပြန်လိုချင်သူများ ...  ပါတေရှင်း ခွဲမရလို့  အခက်တွေ့ နေသူများ
   အောက်က file လေးကို သိမ်းထားပြီး ... USB နှင့် ဖြစ်ဖြစ် CD အခွေနှင့် ဖြစ်ဖြစ် ဘမ်း ထားပြီး ..သိမ်းထားစေချင်ပါတယ် ... အလွန် အသုံးဝင်သော tool လေး ဖြစ်ပါသည်....
   အောက်ပါ ပုံလေးကို ကလစ်ပြီး ဒေါင်းယူလိုက်ပါ .....
     
4

NORTHON GHOST ဖြင့် HDD တွေကို CLONE ရိုက်နည်း

 

 ဒီ Post ကိုတော့ အထူးသဖြင့် Internet ဆိုင်တွေ၊ Game ဆိုင်တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့
HDD တွေကို Clone ရိုက်ရသလည်း ဆိုတာကို အရင်ရှင်းပြပါ့မယ်။

ကျွန်တော်တို့ စက်တစ်လုံးကို Window တင်တဲ့အခါမှာ WindowInstallation အပိုင်းချည်းပဲကို အနည်းဆုံး ၄၅ မိနစ်လောက်ကြာပါတယ်။ ဂိမ်းဆိုင် သို့မဟုတ် အင်တာနက်ဆိုင်အတွက် အခြားလိုအပ်
တဲ့ Software တွေကိုပါ ထပ်သွင်းမယ်ဆိုရင် အနည်းဆုံး ၂နာရီကျော်ကျော်လောက်ကြာပါတယ်။ ဒါဟာ စက်တစ်လုံးတည်းအတွက်ပါ။အကယ်လို့များ ကျွန်တော်တို့က ဆိုင်တစ်ဆိုင်မှာ စက်အလုံး ၂၀
ရှိတယ်ဆိုပါစို့ ကျွန်တော်တို့က တစ်လုံး ချင်းစီ တင်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလည်းဆိုတာကို တွက်ကြည့်လိုက်ပါ။

ဒီတော့ ကျွန်တော်တို့က အချိန်တွေကိုလျော့ချပြီး အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ဖို့နည်းလမ်းကတော့ HDD Clone ရိုက်နည်းပဲဖြစ်ပါတယ်။ Clone ရိုက်နည်းများစွာရှိတဲ့အထဲမှာမှ ကျွန်တော်ဒီ Post မှာ Northon Ghost နဲ့ လုပ်ဆောင်နည်းကို ပြောပါ့မယ်။

ကဲ စကားတွေများသွားပြီဆက်လိုက်ရအောင် ကျွန်တော်တို့ အရင်
ဆုံး Northon Ghost ကို Install လုပ်လိုက်ပါ့မယ်။ ပြီးသွားပြီဆိုတာနဲ့Software ကို ဖွင့်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။


အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံ
အတိုင်း

Ghost Advanced ကိုဝင်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့က
ညာဘက်ခြမ်းမှာရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်

အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Next ကိုနှိပ်
လိုက်ပါ့မယ်။အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ

ကျွန်တော်တို့က တစ်ခု အရေးကြီးဆုံး သတိထားရမယ့်အချက်က HDD ရဲ့ Model Number, Serial Number တွေပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ အချက်တွေကို သတိမထားပဲ မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် မူရင် Final လုပ်ထားတဲ့ HDD ကို ထိခိုက်ပျက်
စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Board မှာတပ်ဆင်မယ့်အခါမှာ Port ဘယ်လောက်မှာတပ်မှာလည်း?..... နောက်တစ်ချက်က HDD ရဲ့ Lable မှာပါတဲ့ Size, Model, Serial Number
တွေကို သေချာမှတ်ရပါမယ်။ မူရင်း HDD ကို Source နေရာမှာဖော်ပြပေးပြီးတော့ Clone လုပ်မယ့် HDD ကို Desination နေရာမှာဖော်ပြပေးမှာဖြစ်ပါတယ်။ အထပ်ဖော်ပြပါပုံအတိုင်း Select မှတ်ပေး
ပြီးတာနဲ့ Next ကို နှိပ်ပေးလိုက်ပါမယ်။

ဖော်ပြပါပုံကတော့  Clone လုပ်မယ့် Disk ကို ပြောတာဖြစ်ပါတယ်။
ကျွန်တော်တို့က OK ကို နှိပ်လိုက်ပါမယ်။



ပြီးသွားရင် အထပ်ပါပုံအတိုင်းမှ Next ကို နှိပ်လိုက်ပါမယ်။ Advanced settings
ထဲကို ၀င်စရာမလိုပါ...


အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က Run Nowဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း
ပေါ်လာမှာဖြစ်ပါတယ်။

ဒီနေရာမှာ Message ပြတာကတော့ OK နှိပ်ပြီးတာနဲ့ စက်က Restartကျသွားပြီး DOS Mode ထဲကနေ လုပ်မယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။
OK နှိပ်ပြီးတာနဲ့ ကွန်ပျူတာက Restart ကျသွားပါမယ်။ ပြန်တက်လာတဲ့
အခါမှာတော့

ရွေးချယ်စရာ ထဲမှာမှ Option 1 ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့

 HDD ကို Clone လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
% 100 ပြီးသွားပြီဆိုရင်တော့  HDD ကို Clone လုပ်ဆောင်ခြင်းပြီးသွားပြီဖြစ်ပါတယ်။ ဒီအခါမှာတော့ မိမိကွန်ပျူတာတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး
၃၀ မိနစ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ နောက်ထပ်ဆက်လက်ပြီးတော့လည်း Ancronic True Image ဆိုတဲ့ Software နဲ့ Clone လုပ်နည်းကိုလည်း ဖော်ပြပေးပ့ါမယ်။ Ancronic နဲ့ ဆိုရင်တော့
အများဆုံး ၁၅ မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်
ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ ဦးဇာနည်
ကိုဝင်းကမ်ဘာကျော်ကို လည်အထူးကျေးဇူးတင်လျက်

ဒီနေ့ ကတော့ ကျနော်တို့  တစ်ချို့  ကျောင်းသားများ windowns တင်ရင် အခတ်တွေ့ တက်တဲ့ BIOS pass ကိစ္စပါပဲ ... ကဲ အောက်နားမှာ pdf file ပေးထားပါတယ် ... အဲ့တိုင်လေးပဲ လုပ်ဆောင်လိုက်ပါ



ကျွန်တော်တို့ BIOS Password ဆိုတာကတော့ ကွန်ပျူတာ
တစ်လုံးကို Boot တက်တက်တဲ့အချိန်မှာ ဘယ် Device ကို
အရင် Boot လုပ်မယ်။ ဘယ် Device ကို နော်ကမှ Boot လုပ်
မယ်အပြင် အခြား အခြားသော System Setting များကို သို
လှောင်ထားတဲ့နေရာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ နေရာကို
ဝင်ရောက်ဖို့အတွက် အချို့ အချို့သော System Administrator
များက ထိုထဲသို့ ၀င်ရောက်လိုလျှင် Password မှန်ကန်စွာရိုက်နိုင်
မှ ၀င်ရောက်နိုင်အောင် ပြုလုပ်ထားကြတာပါ။ Desktop ဆိုရင်တော့
ပြာသနပ် မရှိပါဘူး။ Casing ကို ဖွင့်ပြီး CMOS Battery ကိုဖြုတ်ချင်
ဖြုတ် သို့မဟုတ် CMOS Jumper ကို Clear လုပ်ပေးရုံပါပဲ။ သို့ပေ
သိ အဓိက ပြာသနပ်ကတော့ Laptop မှာဖြစ်ပါတယ်။ အချို့ကတော့
မဖွင့်ရဲတာ၊ အချို့ကတော့ Warantty ပျက်သွားမှာ၊ အချို့ကတော့
CMOS Battery ရှာမတွေ့တာ စသည်တို့ဖြစ်ပါတယ်။ ဘယ်လိုပဲ
ပြဿနာဖြစ်ဖြစ် အခုကျွန်တော်ပြောမယ့်နည်းလမ်းကတော့ လွယ်
ကူစွာနဲ့ ပဲ ဥုံဖွလုပ်ပေးလိုက်သလားမှတ်ရပါမယ်။သင့်စက်ထဲမှာ
Kali မသွင်းထားလည်း  ကိစ္စမရှိပါဘူး။ Kali Live CD သို့မဟုတ်
Kali Bootable USB တို့နဲ့လည်း တက်ပြီး ဖျက်နိုင်ပါတယ်။ ကဲ
စလိုက်ရအောင် သင်ဟာ Kali ထဲဝင်သွားပြီလို့ ခံယူလိုက်ပါမယ်။
အရင်ဆုံး Ctrl+Alt+ T ကိုနှိပ်ပြီး root terminal ထဲကို ၀င်လိုက်ပါ
မယ်။ အကယ်လို့ သင်ဟာ Root user မဟုတ်ဘူးဆိုရင်လည်းသိပ်
လျော့မရှိသေးပါဘူး “ #su ” လို့ရိုက်လိုက်ပြီး Password ရိုက်လိုက်
ပါမယ်။ အကယ်လို့ သင်ဟာ root User ဆိုရင်တော့ ဘာမှရိုက်စရာ
မလိုပါဘူး အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။


Terminal ထဲမှာရိုက်ရမယ့် Command ကတော့ အထက်ပါပုံ
အတိုင်းဖြစ်ပါတယ်။ “  #cmospwd  “ ဆိုပြီးရိုက်လိုက်တဲ့အခါ
ထို Command ဖြင့် Support လုပ်မယ့် စက်အမျိုးအစားတွေကို
ပြပေးပါမယ်။ ဘာကြောင့်လည်း ဆိုတော့ အချို့ စက်တွေမှာ
BIOS Password ကို နည်းပေါင်းစုံနဲ့ ကျွန်တော် Clear လုပ်ဖူး
ပါတယ်။ လုံးဝမပျက်လို့ပါ။အကြမ်းဖျဉ်းအားဖြင့်တော့ အထက်ပါ
ပုံမှာပြထားတဲ့ စက်အမျိုးအစားတော်တော်များများမှာ ရပါတယ်။
ကဲ နောက်ထပ်ရိုက်ရမယ့် Command ကတော့ ” #cmospwd –k  “
ဖြစ်ပါတယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်းဖော်ပြပေးပါလိမ့်


မယ်။ ဒီနေရာမှာ ကျွန်တော်တို့က ရွေးချယ်စရာ Option ၃ ခုဖော်
ပြပေးပါလိမ့်မယ် 1 – Kill cmos , 2 – Kill cmos (try to keep date
And  time) , 0 – Abort ဆိုပြီးဖြစ်ပါတယ်။ Option 1 ကတော့ CMOS
ကိုလုံးဝဖျက်ပစ်လိုက်မှာဖြစ်ပြီး အထဲမှာ ချိန်ထားတဲ့ Setting တွေအား
လုံးကပျက်ပျယ်သွားမှာဖြစ်ပြီး ပြန်လည် သတ်မှတ်ရမှာဖြစ်ပါတယ်။ပျက်
ပျယ်သွားတယ်ဆိုလို့လည်း မစိုးရိမ်ပါနဲ့ အဓိကက Date and time တွေ
First Boot , Second Boot Device တွေပဲ ပြန်လည်သတ်မှတ်ပေးရမှာ
ပါ။နံပါတ် ၂ကိုရွေးချယ်ပေးမယ်ဆိုရင်တော့ Password သီးသန့်ပဲဖျက်
မှာဖြစ်ပြီး နံပါတ် ၀ ကိုရွေးပေးမယ်ဆိုရင်တော့ ဆက်လက်မလုပ်ဆောင်
တော့ဘူးလို့သတ်မှတ်တာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Option 1 ကို
ရွေးချယ်လိုက်ပါတယ်။


ပြန်ပို့တဲ့ Message မှာက Cmos ကို ဖျက်လိုက်ပါပြီတဲ့ Date
And Time  Setting တွေကိုပြန်လည်သတ်မှတ်ဖို့မမေ့ပါနဲ့
တဲ့ အကယ်လို့ သင်ဟာ Date and Time Setting တွေကို
ပြန်လည်မသတ်မှတ်ပဲ Kali ကိုပြန်တက်မယ်ဆိုရင် GUI Mode
လုံးဝတက်လာမှာမဟုတ်ပဲ CLI Mode ဖြင့်ပဲတက်လာမှာဖြစ်ပါ
တယ်။ အကယ်လို့ Window7 ဖြင့်တက်မယ်ဆိုရင်တော့ ရမှာ
ဖြစ်ပြီး Internet Connection တွေအတွက် အခက်အခဲဖြစ်မှာ
ဖြစ်ပါတယ်။ ဒကြောင့် CMOS ကိုဖျက်ပြီးပြီဆိုရင်တော့ Date
And Time တွေကို အရင်ဆုံး BIOS ထဲဝင်ပြီး သတ်မှတ်ပေး
လိုက်ပါ။ အားလုံး အဆင်ပြေမယ်ထင်ပါတယ်။သြ... ကျန်သေး
တယ် Window ပေါ်ကနေ BIOS Password Clear လုပ်ဖို့က
ကျွန်တော့်ဘလော့လေးထဲမှာ အရင်ကရေးပေးဖူးပါတယ်။ ပြန်
ရှာရမှာ ပျင်းသူတွေအတွက်တော့ အရင်ဆုံး Run Box ထဲကနေ
“cmd” ကို Run as administrator ဖြင့် ၀င်လိုက်ပြီးရိုက်ရမှာက
အရင်ဆုံး >debug လိုက်ရိုက်ပြီးအောက်ကဟာလေးတွေ
_o 70 2e
_o 71 ff
_q
လို့ရိုက်ရမှာဖြစ်ပါတယ်။ အောက်ကပုံအတိုင်းပေါ့ o= အင်္ဂလိပ်အက္ခရာအို ပါ
အောက်ကပုံအတိုင်းပေါ့…
ကိုဇာနည်ကို လေးစားလျှက် (ရိုးမ ကျား)
pdf အဖြစ်ဒေါင်းယူလိုပါက အောက်ပါလင့်က ဒေါင်းလိုက်ပါ

0

အင်တာနက် မလိုပဲ PC မှာကစားနိုင်တဲ့ Assetto Corsa PC ( ၂.၁၈ Gb )


အင်တာနက် ကော်နက်ရှင်းမလိုဘဲ Offline ဖြင့် ကစားနိုင်တဲ့ အီတလီ နိုင်ငံထုတ် Assetto
Corsa PC game ကားမောင်ပြိုင်တဲ့ Video Game ကို တင်ပေးလိုက်ပါတယ်။ကိုယ်ကိုတိုင် တကယ်ကားထဲမှာ ရောက်ပြီးမောင်းနေရသလိုခံစားရတဲ့ ဂိမ်း အလန်းစားလေးပါ။


ဖိုင်ဆိုဒ်က ကြီးနေလို့ RAR 9၅) ဖိုင် ခွဲပြီး တင်ထားပေးပါတယ်။တပိုင်းစီကို ဒေါင်းလုပ်ပြည့်စုံစွာ ပြီးစီးအောင်ဒေါင်းလုပ်ပါ။ဒေါင်းလုပ်မပြည့်စုံပါက Extract လုပ်တဲ့အခါ Error တက်ပါမယ်။
RAR Extract Password -www.linthit.com
PC System Requirements အနေနဲ့ ကတော့...
Minimum:
    OS: Windows Vista,7,8,8.1
    Processor: AMD Athlon X2 2.8 GHZ, Intel Core 2 Duo 2.4 GHZ
    Memory: 2 GB RAM
    Graphics: DirectX 10.1 (AMD Radeon HD 6450, Nvidia GeForce GT 460)
    DirectX: Version 11
    Hard Drive: 5 GB available space
(မှတ်ချက်-Windows XP မှာ ကစား မရပါ)
အင်စတော လုပ်နည်း...
-Extract လုပ်ပြီး ရလာတဲ့ Assetto Corsa Early Access nosTEAM.exe ကို Run as
 Administrtor ဖြင့် run ပါ။မိမိနေတဲ့ Location ကိုရွေးပေးပြီး အင်စတောဆက်လုပ်ပါ။
-အင်စတော ပြီးရင် ဂိမ်းကိုဖွင့်ပြီး ကစားနိုင်ပါပြီ။

အလင်းသစ် နည်းပညာမှ ကူးယူတင်ပြပါသည်
0

ဗီဒီယိုတွေ ကို အကောင်းဆုံးတည်ဖြတ်ရန် အတွက် EDIUS 6 + Crack


သူငယ်ချင်း တစ်ယောက်က video တွေကို အမျိုးမျိုး တည်းဖြတ် ဖန်တီးချင်တယ်ပြောလို့ 
အောက်ဟာလေး တင်ပေးထားပါတယ်  ...

0

Mac စတိုင်နဲ့ အရမ်းလန်းတဲ့ Mac 7 - Windows 7 Ultimate - x64 - x32 (3.35 Gb)


Mac OS X စတိုင်လ်၊Mac ရဲ့ ဒီဇိုင်းအတိုင်း ကစားလို့ရတဲ့ အောက်တိုဘာမှာ ထွက်လာတဲ့
Windows 7 Ultimate (32-Bit+64-Bit) ကိုတင်ပေးလိုက်ပါတယ်။တကယ်ကိုလန်းတဲ့
Windows 7 Edition လေးတခုပါ။
ISO တဖိုင်ထဲမှာဘဲ 32-Bit နဲ့ 64-Bit တွဲရက်ပါဝင်ပါတယ်။Boot လုပ်တဲ့အခါ ကိုယ့်စက်ရဲ့
System အတိုင်း 32(or) 64-Bit ကိုရွေးပေးပြီး Boot လုပ်ရုံပါ။
Activated လုပ်ထားပေးပြီးသားမို့ Genuine လဲ ဖြစ်ပြီးသားပါ။(တကယ်လို့ တချို့စက်တွေမှာ
Activated မဖြစ်ခဲ့ရင် Activate လုပ်နိုင်ဘို့ Windows Loader ကိုပါတင်ပေးထားပါတယ်)
WinRAR နဲ့ RAR ဖိုင် (၁၂)ဖိုင်ခွဲပြီး တင်ထားပေးပါတယ်။တဖိုင်ချင်းစီကို IDM ဖြင့်ဒေါင်း
လုပ်ယူပါ။Auto Windows Download ဖြင့်ဒေါင်းပါက ဖိုင်တွေ ဒေါင်းပြီးတယ်လို့ပြပေမဲ့
ဖိုင်မပြည့်စုံလို့ Extract လုပ်တဲ့အခါ Error တက်တတ်ပါတယ်။
တဖိုင်ချင်းစီကို Upload တင်တာပြည့်စုံအောင် တင်ပေးထားပါတယ်။ကိုယ်တိုင်ပြန်ဒေါင်း၊
Extract လုပ်ကြည့်ပြီးဖြစ်ပါတယ်။
 Extract လုပ်ပြီးတဲ့ ISO ဖိုင်ကို Power iSO/Ultra ISO/Windows 7 USB/DVD Tool
တို့ဖြင့် USB (သို့) DVD မှာ Bootable Image အဖြစ် Burn ပြီး ဝင်းဒိုးတင်နိုင်ပါတယ်။
အပိုင်း တပိုင်းရဲ့ Size က 300 Mb ဖြစ်ပါတယ်။

ကိုအလင်းသစ် ဆိုဒ်မှ ကူးယူတင်ပြပါသည်
0

Myanmar typing tutor

သင်တန်းသားများလေ့ကျင့်နိုင်ရန်တွက် myanmar typing tutor ကို upload တင်ထားပေးပါတယ်
အောက်က ပုံကိုနှိပ်ပြီးဒေါင်းနိုင်ပါပြီး

သိနေရှိနေသူများ ကျော်သွားနိုင်ပါတယ် ခင်ဗျာ  ....  နှစ်ပေါင်းအတော်ကြာမှာ တင်နေတဲ့ 
ဆော့ဝဲလေးမို့  လှောင်ချင်ပြောင်ချင်နေမယ် ဆိုတာ ကြိုသိထားလို့ ပါ ....(ဇာနည်)
0

Windows XP Professional SP3 Feb 2014 + SATA Drivers


ဒီကောင်လေးကတော့ Windows XP Professional SP3 (32-bit) ဖြစ်ပြီး 14.02.2014 ထုတ်
SATA drivers အပြည့်အစုံပါပြီးသားလေးဖြစ်တဲ့ original အခွေလေးပဲဖြစ်ပါတယ်။အဆင်သင့်
အသုံးပြုရုံပါပဲ။အခွေထဲထည့်ဘန်းပြီးအသုံးပြုနိုင်ပါတယ်။




အောင်အောင်(မကစ) မှကူးယူဖော်ပြပါသည်

0

Portable Nero Express 2015 16.0.23.0 With Crack Full Version Size(34.2MB



ကွန်ပျူတာမှာ အခွေထုတ်ချင်းကူးချင်သူများအတွက် Nero Portable လေးကိုတင်ပေးလိုက်ပါတယ်။ DVD CD အခွေများ ဘမ်းရတာ ပိုမိုမြန်ဆန်ပြီး အရည်အသွေးလည်းကောင်းမွန်ပါတယ်ခင်ဗျာPortable ဆော့ဝဲတွေကို သုံးခြင်းအားဖြင့် မိမိစက်ကို ပေါ့ပါစေပါသည်


0

အင်တာနက်ကို အချိန်နှင့်သုံးကြရအောင်(APK)


ဖုန်းမှာ အင်တာနက်ကို အချိန်နှင့် ပိတ်ပေးမည့် APK လေးပါ ...
ကျနော့် သူငယ်ချင်းတွေ ညည ကျူးရင်နဲ့  အင်တာနက်ကြီးဖွင့်ပြီး အိပ်ပျော်သွားတက်ကြပြီး ငွေကုန်သက်သာစေမည့် apk လေးပါ ... အောက်မှာ ဒေါင်းလိုက်ပါ


0

စက်ရုပ်တွေ ဘာကြောင့်နှေးလာရတာလည်

Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————–
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run
သင်တန်းသားများ အလွယ်တကူ ရှာနိုင်ရန်တွက် myanmr font အလှများကို တစ်စုတစ်စည်းထဲ တင်ပေးထားပါတယ်
ပျော်ရွှင်ပါစေ တပည့်တွေ ............(  22-2-2015 )

ဒီနည်းလေး ကတော့ ကွန်ပျူတာ ရှိတဲ့ လူတိုင်း မသိ မဖြစ်၊ မတတ် မဖြစ် သိထား တတ်ထား သင့်တဲ့ နည်းလေး တခုပါပဲ။ ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ် ထားကြ လို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြသနာ မျိုးစုံကို ခေါင်းရှုပ်ခံ စိတ် ညစ် ခံပြီး ဟိုလူ့ ဆရာတင်ရ ဒီလူ့ ဆရာတင်ရနဲ့ အလုပ်တွေ ရှုပ် ငွေကုန်ခံပြီး ဆိုင်မှာ သွားပြင်နေ ကြရ တာပါ။ ပင်ပန်းလွန်းပါတယ်။


သိတဲ့သူများ အတွက် လွယ်ပေမယ့် မသိသေးတဲ့ သူများ အတွက်တော့ ဘယ်ကနေ ဘယ်လို စပြီး လုပ်ရ မှန်းကို မသိကြ တာပါ..။

ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ ကျနော့်ရဲ့ သူငယ်ချင်း တယောက် ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ အ ဝေးကနေ လှမ်းတောင်း နေတာ ကျနော့် မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့ ပုံတွေ လုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွား ပါတယ်။ တကယ်တော့ ဒီနည်းလေး က Windows ထဲမှာ ပါပြီးသား မိမိတို့ ဖာသာ ဖန်တီးယူ ရမယ့် နည်းလေး တခုပါပဲ လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေး ထားပါတယ်။

မသိသေး၊ မလုပ်တတ် သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ။ လိုအပ်တဲ့ ပစ္စည်း ကတော့ CD အလွတ်တချပ် (CD အသစ်ကို ပြောတာပါ) ခွေကူးဖို့ CD/DVD Drive မပါတဲ့ သူများကတော့ Backup File ပဲလုပ်ပါ CD ခွေ မကူးလည်း ရပါတယ်။ ဒါပေမယ့် External DVD Drive ရှိရင် တော့ ခွေကူး ထုတ်ထားရင် ပိုကောင်း ပါတယ်။ အဲဒီအခွေက Boot တက်တဲ့ အခွေ ဖြစ်တဲ့ အတွက် ဝင်းဒိုး မှာ တစုံ တရာ Error တက် ခဲ့ရင် Windows7 တင်နည်း အတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုး ဖြစ်ခဲ့ရင် အခုခွေ ကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်း ရသေးတဲ့ Data တွေ ပျက် မသွား ပါဘူး အားလုံး ပြန်ယူလို့ ရပါတယ်။ Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်က ပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေ ပါလိမ့်မယ်။ Starting Windows ပေါ်မလာ တော့ပါဘူး..။
Image Backup File ကြတော့ လက်ရှိ ဝင်းဒိုး ထဲမှာ ရှိနေတဲ့ Install ဆွဲထည့် ထားပြီးသား ဆော့ဝဲလ်တွေ တခြား Data တွေ အားလုံး ကို (Data တွေ သိမ်းဖို့ အချိန် မမှီ ခဲ့ရင် ရုတ်တရက် လက်ရှိ သုံးနေတဲ့ ဝင်းဒိုး ပြုတ်ကျ သွားခဲ့ရင်) ပြန်ယူလို့ ပြန်သုံးလို့ မရ နိုင်တော့ ပါဘူး ဘာလို့လဲ ဆိုတော့ ဒီ Image Backup File က Local Disk(C:) တချို့စက် တွေမှာ OS(C:) လို့ ရေးပြ ထားတဲ့ လက်ရှိ ဝင်းဒိုး ရှိနေတဲ့ အပိုင်းကို အားလုံး ဆေးချပြီး ဒီ Backup File လုပ် ခဲ့တုန်းက အချိန်မှာ ရှိခဲ့တဲ့ ဆော့ဝဲလ်တွေနဲ့ ဝင်းဒိုးကို အစား ပြန်သွင်းပေးတာ ဖြစ်ပါတယ်။
Image Backup File ဆိုတာ ၎င်းကို ဖန်တီး ခဲ့တဲ့ အချိန် တုန်းက ဝင်းဒိုး ထဲမှာ ရှိခဲ့တဲ့ Windows အပါအဝင် တခြား Data တွေ
အားလုံးကို copy ကူးပြီး သိမ်းထား လိုက်တဲ့ File တခုပါ..။ အဲဒီဖိုင်ကို ဖန်တီးပြီး သိမ်းဖို့ အရင်ဆုံး Partition တခုကို မိမိတို့ စက်ထဲ ကနေ ခွဲထုတ် လိုက်ပါ။

အဲဒီ Partition က အနည်းဆုံး 30 GB ကျော် ရှိဖို့ လိုပါတယ်..။ မိမိတို့ စက်ထဲမှာ ဆော့ဝဲလ်တွေ များရင် များသလို Partition မှာ နေရာ များများ (GB များများ) ခွဲထုတ် လိုက်ပါ..။ တကယ်လို့ GB နည်းလို့ နေရာ မလောက်ရင် Backup File လုပ်လို့ မရနိုင် ပါဘူး။ ဒါလေး တခုတော့ သတိပြုပါ။

Partition ခွဲနည်း ပိုစ့်ကို ဟိုး အရင်တုန်း ကတည်းက တင်ပေး ထားပြီးသားပါ။ မလုပ်တတ် သေးတဲ့ သူများ ကတော့ အဲဒီ Partition ခွဲနည်းပိုစ့်ကို ဖတ်ပြီး Partition အပိုင်း တပိုင်း ခွဲထုတ် လိုက်ပါ။ အခု ဒီနည်းကို ဝင်းဒိုး အသစ် တင်ပြီး ခါစ Drivers တွေ စုံတဲ့ အချိန်.. စက် အသစ် ဝယ်ဝယ်ချင်း ဘာဆော့ဝဲလ်မှ Install ဆွဲ မထည့် ရသေးတဲ့ အချိန်မျိုးတွေမှာ အရင်ဆုံး Backup ဖိုင်ကို ပြု လုပ်သင့် ပါတယ်..။ ဘာလို့လဲ ဆိုတော့ ဆော့ဝဲလ်တွေ အားလုံး ထည့်ပြီးမှ Backup File လုပ်မယ် ဆိုရင် ဗိုင်းရပ်စ် တွေပါ ပါသွားနိုင် သလို Backup File ရဲ့ ဖိုင် ဆိုဒ်လည်း ပိုများ သွားမှာ ဖြစ်တဲ့ အတွက် သူ့ကို သိမ်းဖို့ Partition အပိုင်း ကလည်း GB အများကြီး နေ
ရာ ပေးရမှာ ဖြစ်ပါတယ်..။

အခုမှ ဒီပိုစ့်ကို ဖတ်မှ သိတဲ့ သူများ ကတော့ Backup File လုပ်ထား ချင်တယ် ဆိုရင် မိမိတို့ စက်လည်း ကောင်းနေ သေးတယ် ဆိုရင် လက်ရှိ စက်ကောင်းနေတဲ့ အချိန်ကို ဒီနည်းနဲ့ Backup File လုပ်ပြီး သိမ်းထားလို့ ရပါတယ်..။ ဒါပေမယ့် မိမိတို့ရဲ့ စက်ကို Disk Space
တွေနဲ့ အမှိုက်တွေ သေချာ ရှင်းလင်းပြီး ဖိုင်စီ၊ ဗိုင်းရပ်စ် တွေကို သေချာ စီစစ်ပြီး ရှင်းလင်းပြီးမှ Backup ဖိုင်လုပ်ထား Repair Disc လုပ်
ထားတာ ပိုကောင်းပါတယ်..။

စာလည်း ရှည်နေပြီ။ အောက်မှာ ပုံလေးတွေနဲ့ Image Backup File နဲ့ System Repair Disc လုပ်နည်းကို ဆက်ကြည့် လိုက်ပါဗျာ။
လုပ်ရတာ လွယ်ပါတယ်...။

အရင်ဆုံး အောက်က ပုံအတိုင် နံပါတ် 1 နေရာကနေ စပြီး နံပါတ်စဉ် တိုင်း နှိပ်သွား လိုက်ပါ။ (မှတ်ချက်။ ။Control Panel >> Backup and Restore ကနေ သွားရင်လည်း အောက်ပုံ နံပါတ် 5 ရှိတဲ့ စာသား နေရာကို ရောက်ပါတယ်..။ ဒီမှာတော့ ပုံတွေ ကြည့်ရတာ အဆင်ပြေ အောင် အောက်က ပုံအတိုင်း ပြပေးလိုက် ပါတယ်..။) 






အောက်က ပုံကတော့ Partition အသစ် ခွဲထုတ် ထားတဲ့ New Volume (F:) (48.8 GB) ရှိတဲ့ အပိုင်းထဲကို Backup File ထည့် မှာပါ..On a hard disk နေရာမှာ မိမိတို့ Backup File ထည့်မယ့် အပိုင်းကို မျှားပြ ထားတဲ့ အတိုင်း သွားရွေးပေး လိုက်ပါ။ ဒီပုံ မှာ တော့ ကျနော် က New Volume (F:) ထဲမှာ ထည့်မှာ ဖြစ်တဲ့ အတွက် အဲဒီ အပိုင်းကို ရွေးပေး လိုက်ပါတယ်..။ ရွေးပြီးရင် Next ကိုနှိပ်ပါ။




အောက်က နောက်တပုံ မှာတော့ မိမိတို့ ဝင်းဒိုးရှိတဲ့ အပိုင်း တွေကို အမှန်ခြစ် လေးတွေနဲ့ ပြပေး ပါလိမ့်မယ်။ ကျနော့် စက်မှာတော့ ဝင်းဒိုး ၂ ခု တင်ထားလို့ အမှန်ခြစ် ၂ ခု ပေါ်နေတာပါ။ ဝင်းဒိုး မရှိတဲ့ တခြား အပိုင်းတွေကို အမှန် မခြစ်မိဖို့ သတိပြုပါ။ တချို့စက် တွေမှာ ဝင်းဒိုး တစ်ခု ပဲရှိပြီး အမှန်ခြစ် ၂ ခုပေါ် တတ်ပါတယ်။ တစ်ခုက ဝင်းဒိုး အပိုင်းဖြစ်ပြီး နောက် တခုက 100 MB လောက်ပဲ ရှိတဲ့ System Reserve အပိုင်းပါ သူပေး ထားတဲ့ အမှန်ခြစ် တွေက ကျနော်တို့ ဖြုတ်လို့ မရပါဘူး.. သတိထား ရမှာက နောက်ထပ် အမှန်ခြစ် အပိုတွေ ထပ် မထည့် မိဖို့ပါပဲ။ ပြီးရင်တော့ Next ကိုဆက်နှိပ်ပါ..။ 






ဒီအောက်က ပုံလေးတွေ ကတော့ ကွန်ပျူတာ အလုပ် လုပ်နေတာ ဖြစ်ပါတယ်။ ဒီ အဆင့်မှာ ကျနော်တို့ ဘာမှ မလုပ်ပဲ ကွန်ပျူတာ ကို ဘာ အလုပ်မှ ထပ်မခိုင်းပဲ ထိုင်စောင့် နေလိုက်ပါ..။ မိနစ်၂၀ မှ ၃၀ ကျော် လောက် အထိ ကြာတတ် ပါတယ်။

အောက်က ABCD ပုံလေးတွေ ကတော့ အလုပ် လုပ်နေတဲ့ အချိန်မှာ စာသားတွေ အပြောင်း အလဲ ဖြစ်သွား တာကို သိရ အောင် လို့ ပြပေး လိုက်ပါတယ်...။



အပေါ်က ပုံ အတိုင်း ပေါ်လာရင် Backup File လုပ်ပြီး သွားပါပြီ။ ဒီနေရာမှာ ပေါ်လာတဲ့ ဘောက်စ် လေး ကတော့ System repair disk လုပ် မလားလို့ မေးတာပါ။ လုပ်မယ် ဆိုရင် Yes ကို ကလစ် လိုက်ပါ။ အဲဒါ ဆိုရင် အောက်မှာ အခွေ ထည့်ဖို့ တောင်းတဲ့ ဘောက်စ်
လေး ပေါ်လာ ပါလိမ့်မယ်။ CD ဖြစ်ဖြစ်၊ DVD ဖြစ်ဖြစ် မိမိတို့ အဆင်ပြေမယ့် အခွေလွတ်ကို ထည့်ပေးလိုက်ပါ။ အခွေထည့်ပြီး ခဏ စောင့် လို့မှ သူ့ အလိုလို အလုပ် မလုပ်ဘူး အခွေ မကူးပေး ဘူးဆိုရင် Create disc စာသား နေရာကို တချက် ကလစ်ပေး လိုက်ပါ။ အဲဒါ ဆိုရင် သူ အလုပ် လုပ်ပါပြီ။




အပေါ်က ပုံလေး အတိုင်း Complete စာသား ပေါ်လာ ရင်တော့ OK ပေးလိုက်လို့ ရပါပြီ။ ဒါဆိုရင် System Repair Disc လည်း ရရှိ ပါပြီ။ ပြီးရင်တော့ My Computer မှာ ၂ ချက်တောက်ပြီး ဖွင့်ကြည့် လိုက်ရင် အောက်က ပုံလိုမျိုး Backup File ကို မိမိတို့ ထည့် သိမ်း 
လိုက်တဲ့ Partition ထဲမှာ ရောက်နေ တာကို တွေ့ရ ပါပြီ။


အဲဒီ Partition ကို ဖွင့်လိုက် ရင်တော့ အထဲမှာ Windows Image Backup ဆိုတဲ့ ဖိုင်တခုပဲ တွေ့ရ မှာပါ။ အဲဒီ ဖိုင်ကို လုံးဝ မဖွင့် ပါနဲ့ ဖွင့်မိလို့ အထဲက Data တွေ ပျက်သွား ခဲ့ရင်တော့ Windows ကို Repair လုပ်လို့ မရနိုင် တော့ပါဘူး.. Windows Image Backup ဖိုင်
ကို ၂ ချက် တောက်ဖွင့် လိုက်ရင် အောက်က ပုံလိုမျိုး Continue နှိပ်ရမယ့် ဘောက်စ် လေး ပေါ်လာပါ လိမ့်မယ်။ ဆက်မဖွင့်ပါနဲ့ Cancel
နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

Windows System က Backup ဖိုင်ကို လုပ် ကတည်းက တခါတည်း ဗိုင်းရပ်စ် ကင်းအောင် ချုပ်ပေး ထားလို့ အဲဒီဖိုင်ကို ဖွင့်မယ် လုပ်တိုင်း Continue ဘောက်စ်လေးနဲ့ မေးပါတယ်..။ တစုံတရာ ပျက်စီး သွားခဲ့ရင် ကိုယ့် အပစ်နဲ့ ကိုယ်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ.. ဒါကြောင့် Backup ဖိုင်ကို လုံးဝမဖွင့်ပါနဲ့...။

နောက် တင်မယ့် ပိုစ့်မှာ ဒီ Backup ဖိုင်ကို ဘယ်လို ပြန်ပြီး Restore လုပ်ရမယ် ကွန်ပျူတာ ထဲ ဘယ်လို ပြန်သွင်း ရမယ်ဆိုတာ ရေးပေး သွားပါ့မယ်။ အခုတော့ ဒီ Backup ဖိုင်လုပ်နည်း ပိုစ့် ပြီးဆုံးသွားပါပြီ။

ဒီလောက် ဆိုရင် အားလုံးပဲ ဒီနည်းလေးကို လုပ်တတ် လောက်ပါပြီနော်။
 အားလုံးပဲ လုပ်တတ် ကိုင်တတ်၍ အဆင်ပြေ ကြပါစေ...။

Credit to lwinminbo.blogspot.com 
ဟုတ်ကဲ့ .. ခုကျနော် မိမိ router wifi ကနေပြီး  website တွေကို ပိတ်ထားပုံ အဆင့်ဆင့်ကို ပြုလုပ်ပြသွားမှာပါ…  အဆင့်(1) အနေနဲ့   မိမိရဲ့  router IP ကိုရှာရမှာပါ . ..Run box တွက် startကီး + R တွဲနှိပ်ပြီး  cmd ရိုက်ထည့် ပါ့မယ် ပြီး enter ပေးမှာပေါ့   ပြီးရင် .. C:\Docunents and Settings\Parent>ipco . သူရဲ့  အနောက်နား မှာ ipconfig/all ဆိုပြီး ရိုက်ထဲ့ပေးလိုက်ပါ
pdf ဖြစ်ဒေါင်းလိုက်ပါနော်  ...  ->->-> ( ဒေါင်းရန်)




Kali Installation !

 November 22, 2013 No Comments »
 အရင်ဦးဆုံးလုပ်ရမှာကတော့ Kali ကိုဒေါင်းရမှာပေါ့ 2 GB လောက်ပါပဲ ဟီး စိတ်ရှည်လက်ရှည်ဒေါင်းပေါ့မဟုတ်ရင်လဲ အခွေဝယ်လိုက်ပေါ့ဗျာ ကျွန်တော်ကတော့ အခွေဝယ်တာ အခွေဆိုင်တွေကောင်းချက်ကတော့ အဲဒါဘာလဲမေးခံလိုက်ရတာ ရင်ကိုနာလို့ဘယ်အခွေဆိုင်မှကိုမ၀ယ်တော့ဘူးဗျာ နောက်တော့ သွားမေးတာ မရှိဘူး မသိဘူး ဆိုတဲ့ဆိုင်ကလဲရှိသေးတယ်ဗျာ ( နေပြည်တော်မှာ ပြောပါတယ် ) ကဲထားပါတော့ ကျွန်တော်လို သုံး ရပ် အိပ် လေးရပ်ခရီးလုပ်လိုက်ပေါ့ဗျာ  download ပြီးသွားရင်တော့ Win32 Disk Imager ကိုဒေါင်းလိုက်ပါ ဒေါင်းပြီးရင်တော့ ဖွင့်လိုက်ပေါ့ Memory stick အနည်းဆုံး 4 GB လောက်ရှိတာတော့ လိုအပ်ပါလိမ့်မယ်ဗျာ ။ ပြီးရင် ဒေါင်းထားတဲ့ Win32 Kisk Imager ဆိုတာကိုဖွင့်လိုက်ပါ  နောက်ထပ် ဒေါင်းထားတဲ့ Kali  အဲလိုပဲရေးလိုက်တော့မယ်ဗျာ ဟီး ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မှာရှိရင်ပြီးရောပေါ့ဗျာ  ဒေါင်းထားတဲ့ File ကိုရှာပေးလိုက်ပါ ပြီးရင်တော့ write လုပ်လိုက် ခဏမဟုတ်ပါဘူး နည်းနည်းကြာအောင် စောင့်လိုက်ပါ ပြီးသွားပါလိမ့်မယ် အဲဒါပြီးရင်တော့ ပိတ်လိုက်ပြီး Memory stick ကိုထိုးလိုက် ကွန်ပျူတာကို Restart ချလိုက်ပြီး BIOS logo တက်လာရင်တော့ F8 or F10 ကိုနှိပ်ထားလိုက်ပြီး Memory Stick ကိုရွေးပေးလိုက်ပါ ။
အဲဒီမှာ live အရင်တက်လိုက်ပါ မဟုတ်ရင်လဲ လုပ်လို့ရပေမယ့်အလုပ်ရှုပ်ပါလိမ့်မယ် တက်ပြီးရင် တော့
Application => System Tools => Administrations => G Parted Partition Manager ကိုဖွင့်လိုက်ပါ ။ Partition တခုကို Resize / Move လုပ်လိုက်ပါ Right Click နဲ့ပေါ့ ဟီး
လုပ်ပြီးသွားရင်တော့ အစိမ်းရောင်လေး Active ဖြစ်လာပါလိမ့်မယ်ဗျာ ကျွန်တော်က လုပ်ထားပြီးသားဆိုတော့ လုပ်ဖို့မေ့သွားတယ်ဗျ ဘာပဲဖြစ်ဖြစ်ပါ ဘာပဲဖြစ်ဖြစ်ပါ ။ ထားလိုက်တော့ ပြီးရင် Ctrl + Alt + Del အဲဒီမှာ Restart မဟုတ်လဲ Restart Button သာကောက်နှိပ်လိုက်တော့ပေါ့ဗျာ ဟီး ပြီးရင်တော့ F8 နဲ့ memory stick  ကိုပြန်ရွေးလိုက်ပါ ။ အဲမှာ Graphic Install ကိုရွေးပြီးတော့ Smart ကျကျလေး install လုပ်ပေါ့ဗျာ ဟိဟိ  အရင်ဦးဆုံး stick ထိုးပြီး Memory stick ကိုရွေးလိုက်၇င် အဲလိုလေး ပေါ်လာပါလိမ့်မယ်ဗျာ အဲမှာ Graphic ကို ရွေးခိုင်းတာပါ ။
ပြီးရင်ခဏစောင့်လိုက် တက်လာလိမ့်မယ်ခင်ဗျာ  အဲဒါပြီးရင်တော့ Language ကိုရွေးလိုက်ပါ ။ English ပဲပေါ့ အဲဒါပဲသိတာကို
အဲဒါပြီးရင်တော့ Host name အဲဒါကတော့ user@Kali ဆိုပြီးပေါ်မယ့်ဟာပေ
ပြီးရင်တော့ ကိုတိန် ညွန့်ပေါ့ဗျာ ကိုတိန်ညွန့်ပြီးရင်တော့ root password ပေါ့ အဲကောင်က အရေးကြီးပါတယ် login ၀င်ရင်ပြန်သုံးရမှာပါ 

password ၂ ခါ ရိုက်ပြီးရင်တော့ ကိုတိန်ညွန့်ပါပဲဗျာ ။ အဲလိုလုပ်ပြီးရင် Time Zone ပါပဲဗျာ ။

နောက်ထပ် ကိုတိန်ညွန့် ပေါ့ အဲဒီမှာ

use entire disk ကိုရွေးလိုက်ပါ ပြီးရင်တော့ Continute ကိုရွေးလိုက်ပါ ။

အဲဒီမှာ ext4 and swap ဆိုပြီးတော့ပြပါလိမ့်မယ် အဲကောင်ကတော့ သေချာလားမေးတာပေါ့ဗျာ မဟုတ်ရင်လဲ Manual နဲ့လုပ်လိုက်ပါ ။ပြီးရင် Continue ပေါ့


အဲဒီမှာတော့ Network mirror ကိုမသုံးတာ ကောင်းမယ်ထင်တယ်ဗျ သုံးချင်လဲသုံးလို့ရပါတယ် ကျွန်တော် က မသုံးပါဘူး သိမှ မသိတာကိုလို့ :P
အပေါ်က ကောင်ကလဲအရေးကြီးပါတယ် မဟုတ်ရင် အရင် Window တင်ထားရင် မပေါ်တော့ပဲ kali ပဲပေါ်နေပါလိမ့်မယ်ဗျာ Yes ကိုရွေးပြီး Continue ပေါ့ ။

ခဏစောင့်လိုက်ရင်တော့ Installation complete ဆိုပြီးပေါ်လာပါလိမ့်မယ်ဗျာ Continue ပါပဲ Restart ကျသွားပါလိမ့်မယ် ကျသွားရင် ပြန်တက်လာရင်တော့ အပေါ်ဆုံးက ကောင်လေးကိုရွေးပြီးတော့ Other ကို ရွေးလိုက်ပါ user name ကတော့ root ပါ အသေးနဲ့ပါပဲ password ကတော့ ၂ ခါ ပြန်ရိုက်ခိုင်းတဲ့ အခါတုန်းကဟာပေါ့ဗျာ ပြီးရင် အဆင်ပြေစွာ သုံးလို့ရပြီပေါ့ဗျာ မြန်မာစာအတွက်ကတော့ ကျွန်တော့်ဆိုဒ်မှာတင်ဖူးတဲ့
[Tut] ZawGyi in Backtrack5R3 အတိုင်းပါပဲဗျာ ကျွန်တော့်  ချစ်သူငယ်ချင်းလေး ရေးပေးတဲ့ဟာပေါ့ဗျာ :Dအဲလိုဆိုရင်တော့ အားလုံးအဆင်ပြေသွားပြီပေါ့ဗျာ ကျွန်တော် တင်နည်းတွေကိုပြောပြပေးပါတယ်ဗျာ နောက်ပိုင်းကတော့ သူတို့နဲ့ ပက်သက်တာကိုရေးပေးတော့မှာမလို့ပါပဲဗျာ ဟီး ;) အချိန်ပေးပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ ။ မြန်မာမှုပြုပေးတာပါဗျာ ဒါကို PDF ဖတ်ချင်ရင်လဲ နောက်ပြီးကျရင် ရေးပေးသွားပါ့မယ်ဗျာ ,,,,  မူရင် ရေးသားထားတဲ့